Ai, Khoi Hak Jao อ้ายข่อยฮักเจ้า FHD

Ai, Khoi Hak Jao อ้ายข่อยฮักเจ้า

Comedy FHD 2022-08-15 8.3

ဖူဓနိုင်လို့ခေါ်တဲ့ ဘန်ကောက်မြိုသားလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စိတ်ဓာတ်ကျနေရှာတယ်။ အကြွေးမဆပ်နိုင်တာကြောင့် အိမ်နဲ့ အခြားသော ပိုင်ဆိုင်မှုတွေကိုလည်း ဘဏ်က သိမ်းသွားတာမို့ နောက်ဆုံးမှာတော့ သူတို့ဆွေမျိုးတွေ ရှိတဲ့ ထေဖ်စုရင်ရွာလေးကို ပြောင်းလာခဲ့ရပါတယ်။ မြို့သားဖြစ်တာကြောင့် ရွာရဲ့ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့တော့ အတော်လေး ကြိုးစားရရှာတယ်။ ရွာမှာ အခြေချမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဆေးဆိုင်လေး ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက ရွာသားတွေက ခေတ်မီဆေးဝါးတွေထက် တိုင်းရင်းဆေးတွေကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးစွဲကြတာပါ။ ရွာသားတွေရဲ့ အကြိုက်မဟုတ်တဲ့ ခေတ်မီဆေးဝါးတွေရောင်းနေတဲ့ ဖူဓနိုင်တစ်ယောာက် ရွာရဲ့ ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် မနေနိုင်သေးတဲ့အပြင် ရွာခံတစ်ယောက်နဲ့ ရန်စ ရှိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ?