Drama/Sci-Fi Mini Series ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်Episode 13 ပိုင်းပါပြီး တစ်ပိုင်းချင်းစီမှာလည်း Rating အသင့်အတင့်နဲ့တကယ်ကြည့်ကောင်းတဲ့ကားတစ်ကားပါ1 Win & 2Nomination လည်းဆွတ်ခူးထားပါသေးတယ်ဘဝအတွက် အလုပ်ရယ် မိသားစုရယ် အနာဂတ်အစီအစဉ်တွေအတွက်နဲ့ရုန်ကန်နေကြရတဲ့အကြောင်းနဲ့ အချိန်နောက်ပြန်သွားတဲ့သိပ္ပံစိတ်ကူးယဉ်အကြောင်းအရာနှစ်ခုကိုအချိုးကျကျရိုက်ကူးထားပြီးလူတွေကိုမက်ဆေ့ချ်ကောင်းကောင်းလေးပေးထားပြီးနောင်တဆိုတာနောင်မှရတတ်တယ်၊ ရှိတုန်းတန်ဖိုးထားဖို့နဲ့အချိန်ကိုသာနောက်ပြန်သွားလို့ရခဲ့ရင်ဆိုပြီးကျွန်တော်တို့လူသားတွေညည်းနေတတ်ကြတဲ့လောကကြီးက တကယ်နောက်ပြန်ပေးသွားလိုက်ရင်ရော အဆင်ပြေလာမှာလားဆိုတာကိုဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကြည့်ရမယ့်ဇာတ်ကားလေးပါဇာတ်လမ်းလေးကတော့ ဥပဒေသမားတစ်ယောက်ဖြစ်တဲ့ ဖီးလစ် နဲ့သူ့ရဲ့သူငယ်ချင်းပတ် တို့ဟာမြေယာအကျိုးဆောင်ကုမ္ပဏီအသစ်တစ်ခုထောင်ပြီး Contractချုပ်ဆိုဖို့အသည်းအသန်ရုန်းကန်နေကြရပါတယ်နေ့ရောညပါရုန်းကန်နေရတဲ့ ဖီးလစ် ဟာသူ့ရဲ့ဇနီးဖြစ်သူ အယ်ဗလင် ကိုလည်း အလုပ်မှာအကူအနေနဲ့ခိုင်းထားရပါသေးတယ်ဒါပေမယ့်လည်းအလုပ်နောက်ကိုပဲစိတ်ရောလူရောနှစ်ပြီးလိုက်နေရာကနေဖီးလစ် နဲ့ အယ်ဗလင် တို့ဟာအိမ်ထောင်ရေးသွေးအေးသွားပြီးပျက်ကွက်တာလေးတွေများလာရာကနေလမ်းခွဲဖို့အထိဖြစ်လာခဲ့ပါတော့တယ်ဒီချိန်ရောက်တော့မှ ဖီးလစ် ဟာစိတ်ဓာတ်ကျပြီး လွန်ခဲ့တဲ့အမှားတွေကိုပြန်ပြီးပြင်ဆင်ဖို့အတွက်မမျှော်လင့်ဘဲအချိန်ခရီးသွဦးတဲ့အေဂျင်စီတစ်ခုနဲ့ချိန်ဆက်မိသွားရာကနေ……..ဘယ်လိုပဲအချိန်ကိုနောက်ပြန်သွားသည်ဖြစ်ပါစေ ဖီးလစ် တစ်ယောက်သူ့ရဲ့အိမ်ထောင်ရေးကိုပြန်ပြီးအဖက်ဆယ်နိုင်ပါ့မလား…..အသေးစိတ်လိုက်ပြီးဂရုစိုက်ပြင်ဆင်ပေမယ့်လည်းသူ့အလုပ်အကိုင်ကိုရောပြန်ပြီးပြင်ဆင်နိုင်ပါ့မလားသူ့ရဲ့နောင်တတွေကိုရော ပြန်ပြီးပြင်ဆင်နိုင်ပါ့မလားဆိုတာကိုတော့………