ဖယောင်းစက်ရုံရဲ့ အမွေဆက်ခံသူဖြစ်တဲ့ Khemchuta (Point Cholwisit) ဟာဖခင်ဖြစ်သူရဲ့ ဆန္ဒအရ .. လွန်ခဲ့တဲ့ နှစ်၂၀ကပျောက်သွားခဲ့တဲ့အဘွားဖြစ်သူကို ရှာဖွေဖို့ဖြစ်လာခဲ့ပါတယ် ..ခရီးလမ်းမှာတော့ ဖယောင်းရုပ်ထု ထုလုပ်တဲ့ပန်းပုဆရာရဲ့သမီး Thianbucha(Kaimook Rungrat ) ဆိုသူနဲ့တွေ့ဆုံခဲ့ပြီး သူမရဲ့အကူအညီနဲ့အတူပျောက်ဆုံးသွားရတဲ့နောက်ကွယ်ကအကြောင်းအရင်းကို ရှာဖွေကြပါတော့တယ်။ဒီလိုနဲ့ပဲ အတူ ရှာပုံတော်ထွက်ကြရင်း နောက်ကွယ်က အကြောင်းအရင်းတွေကိုသိလာရလေလေ ပိုများများလာတဲ့ အန္တရာယ်တွေ အဖျက်အမှောင့်တွေ များလာတာကြောင့်နှစ်ယောက်သားအတူ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားကြမလဲ ..သူတိုရှာဖွေဖိုကြိုးစားနေတဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားက ဘာဖြစ်မလဲ ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်ပါ ..