2024 မှာတော့ sci-fi ဘက်ကို စပြီးခြေချနေတဲ့ ထိုင်းရုပ်ရှင်လောကရဲ့ ခြေလှမ်းသစ်အနေနဲ့P’mookရဲ့ “စလစ် – မုဆိုးများ” လို P’Nuneရဲ့ “မာယာစံအိမ်” လို scifi ကားလေးတွေ မြင်ရအပြီးမှာယခုတစ်ခါထပ်ပြီး နက်ဖလစ်ရဲ့လက်ရာ “မဝေးတော့တဲ့ မနက်ဖြန်များ” ဆိုတဲ့ သိပ္ပံ စီးရီးအသစ်လေး ထပ်မံထွက်ရှိလို့လာပါပြီ။ဒီကားလေးကတော့ Anthology genreနဲ့ထွက်ရှိလာတာဖြစ်ပြီးသိပ္ပံခေတ်လွန်ခေတ်ကာလတစ်ခုက လူနေမှုဘဝကို တစ်စေ့တစောင်းရိုက်ကူးပြထားတာဖြစ်ပြီးဒီထဲက scifi concept အနေနဲ့ကတော့ အခုခေတ်လူတွေထဲ ရေပန်းအစားဆုံးသီအိုရီတွေဖြစ်တဲ့ Cloningနဲ့လူတိုင်းရဲ့လက်စွဲတော်ဖြစ်နေတဲ့ AI တွေအကြောင်းကို အခြေခံထားတာပါ။အပိုင်း ၁ ဖြစ်တဲ့ “သိုးမည်း” မှာတော့သေလွန်သွားတဲ့လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇကိုယူ လူကိုCloneလုပ်ပြီးMemory Cloning ကို AIရဲ့အကူအညီနဲ့ ပြန်တည်ဆောက်ပြီး လူအသစ်တစ်ယောက် ပြန်လည်ဖန်တီးတဲ့ ထူးခြားတဲ့conceptတစ်ခုကို မိတ်ဆက်ထားပါတယ်။အပိုင်း ၂ ဖြစ်တဲ့ “ကောင်းကင်ဘုံလေလား” မှာတော့ဆင်းရဲတွင်းနက်ခဲ့တဲ့ ဂျက်စီကာတစ်ယောက် ခေတ်လွန်နည်းပညာနဲ့ AI ကိုပေါင်းစပ်ပြီးကိုယ့်စိတ်ကြိုက် လိင်ဖျော်ဖြေရေးစက်ရုပ်ကို ကိုယ့်ideal typeအတိုင်း ဖန်တီးနိုင်တဲ့နည်းပညာကို မြင်တွေ့ရမှာပါ။ဘဲပစ်ဆော်ပစ် Forever alone တို့သိပ်ကြိုက်မယ့် conceptလေးတစ်ခုပေါ့။အပိုင်း ၃ “ဗုဒ္ဓ ဆိုသော အရာ”ဒါကတော့ နည်းနည်းလေးအကဲဆတ်တဲ့ ဘာသာရေးအကြောင်းအရာကို ဆွေးနွေးထားတာဖြစ်ပြီးMemory Cloning နဲ့ AI ကိုပေါင်းစပ်လို့ AI ဗုဒ္ဓဖန်တီးတဲ့အကြောင်းအရာကို တင်ပြထားတာပါ။အပိုင်း ၄ “ရေဘဝဲမလေး” ကတော့post apocalyptic survival scifi ဘက်ကိုသွားတဲ့ဇာတ်လမ်းသဘောမျိုးဖြစ်ပြီးနောင်တစ်ချိန် မြေကြီးလက်ခတ်မလွဲကြုံလာရမယ့် သဘာဝဘေးအန္တရာယ်ဆိုးတွေနဲ့လူသားတွေကြားကတိုက်ပွဲကို ခပ်ပါးပါးလေးပုတ်ပြီး တင်ဆက်ထားတာမျိုးပါ။သေချာတာတစ်ခုကတော့ ဇာတ်လမ်းတစ်ခုစီကနေ စိတ်ဝင်စားစရာ concept တွေနဲ့နည်းပညာတိုးတက်မှုနဲ့ လူနေမှုဘဝကြားက ကောင်းကျိုးဆိုးကျိုးတွေကို တစေ့တစောင်းရှုစားရမှာဖြစ်လို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။