Yoo Soo-Yeon က သာမန်မိသားစုမှာကြီးပြင်းလာခဲ့ပေမယ့် ချမ်းသာတဲ့သူဌေးသားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။ စင်ဒရဲလားဆန်ဆန်ဘဝကြောင့် လူတိုင်းရဲ့အားကျခံရပေမယ့် ခွဲခြားဆက်ဆံတဲ့ ခင်ပွန်းဘက်ကအသိုင်းအဝိုင်းကြောင့် သူမဘဝက မလွယ်ကူခဲ့ပါဘူး Cha Hwa-Young ကတော့ လိုအင်ဆန္ဒတွေ၊ လောဘတွေနဲ့ပြည့်နေပြီး သူမရဲ့အထက်တန်းလွှာဘဝကို ထိန်းသိမ်းဖို့ကြိုးစားနေသူဖြစ်ပါတယ်။ Go Mi-Sook က ပုဂ္ဂလိကငွေချေးငှားသူဖြစ်ပြီး ကိုယ်ပိုင်စားသောက်ဆိုင်ပိုင်ထားတဲ့ လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ဘဝအခြေအနေတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ၃ ယောက်ဟာ မတော်လောဘတွေကြောင့် ဖြစ်ရပ်ဆိုးတစ်ခုနဲ့ကြုံတွေ့ပြီး ရူးသွပ်ဖို့ကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ ဒီအမျိုးသမီး ၃ယောက်ကြားက တိုက်ပွဲမှာ ဘယ်လိုနည်းပရိယာယ်တွေ မာယာတွေပါနေမလဲ…