Secret Level FHD

Secret Level

Game ချစ်သူတွေ Animation ချစ်သူတွေအတွက် အမျှော်လင့်ရဆုံးဖြစ်တဲ့ Secret Level က ဒီနေ့ ထွက်ရှိလာခဲ့ပါပြီ။ထုံးစံအတိုင်း Amazon Prime က ထုတ်လုပ်ပေးထားတာမို့ ကွာတလီပိုင်းက မကောင်းမှာတော့ ပူမနေနဲ့တော့ဗျာ။တစ်ပိုင်းစီက Game တစ်ခုချင်းစီရဲ့အကြောင်းကို အခြေခံ ဖန်တီးထားတဲ့ သီးခြားဇာတ်လမ်းလေးတွေ ဖြစ်ပါတယ်။နာမည်ကျော်ဂိမ်းတွေအနေနဲ့ဆို Pac Man, Mega Man, Warhummer, Dungeon & Dragons, Sifu စသဖြင့်ဒါတွေအပြင် တခြားဂိမ်းဇာတ်လမ်းပေါင်းစုံတွေ ဖြစ်ပါတယ်။ဒီနေ့မှာတော့ စုစုပေါင်း ၈ ပိုင်းထွက်ရှိထားပြီး ကျန်တဲ့အပိုင်းတွေတော့ နောက်တစ်ပတ်မှ ဆက်လက်ထုတ်လွှင့်ပေးသွားမှာပါ။ဆိုတော့ကား အညွန်းကို ရှည်ရှည်ဝေးဝေး ပြောမနေတော့ပါဘူး အားရပါးရ တမုန်းကြည့်ကြဖို့သာ အားခဲထားကြပါလို့။