Earth Abides FHD

Earth Abides

Sci-Fi & Fantasy FHD 2024-12-01 7.8

အစ်ရှာဝုဒ် ဝီလီယမ်ဆိုတဲ့ လူငယ်လေးက ပထဝီဝင်ဆိုင်ရာဘွဲ့ယူစာတမ်းအတွက် တောတောင်ထဲက သစ်သားအိမ်လေးတစ်လုံးမှာတစ်ယောက်တည်းနေထိုင်ပြီး သုတေသနပြုနေတုန်း ခလောက်မြွေတစ်ကောင် ကိုက်တာကို ခံလိုက်ရပါတယ်။သွားစရာဆေးရုံရယ်လို့ နီးနီးနားနားမရှိတဲ့အတွက် သူ့ဘာသာသူပဲဒဏ်ရာကိုကုရင်းကနေ သုံးပတ်လောက် မေ့မြောနေခဲ့ပေမဲ့အသက်ရှင်ကျန်ခဲ့ပါတယ်…ဒါပေမဲ့ တောတောင်ထဲကနေ မြို့ထဲသွားတဲ့အခါမှာတော့ ကပ်ရောဂါအသစ်စိုက်ပြီး လူသူမရှိတော့တဲ့ ကမ္ဘာကြီးနဲ့ပဲ ကြုံလိုက်ရပါတယ်…အဲဒီလိုကနေ သူ့မိဘအိမ်ပြန်တဲ့အခါမှာလည်း သူ့အဖေနဲ့အမေကိုမတွေ့ရဘဲ ဟိုတယ်တစ်ခုမှာနေနေတဲ့ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ကိုသာ တွေ့ရပါတယ်…သူ့သဘောအရတော့ လက်မလျှော့ဘဲ ရှင်ကျန်သူတွေကို လိုက်ရှာရင်းလူထုအသိုင်းအဝိုင်းတစ်ခုကို ပြန်ထူထောင်ချင်ပေမဲ့ သူတွေ့ခဲ့သမျှလူတွေက သေဖို့ကို စိတ်ဆုံးဖြတ်ထားတာနဲ့ လက်မြှောက်အရှုံးပေးချင်တဲ့သူတွေနဲ့ဆိုတော့ နောက်ထပ်ရှင်ကျန်သူတွေကို ရှာမယ်လို့စိတ်ဆုံးဖြတ်ချက်ချပြီး ဟိုတယ်ကနေ ထွက်လာပါတယ်…သွားတဲ့လမ်းတစ်လျှောက်မှာ ရှင်ကျန်ရစ်တဲ့ ခွေးလေးတစ်ကောင်နဲ့တွေ့ပြီးအိမ်ပြန်ခေါ်လာလိုက်ပါတယ်…သူနဲ့ခွေးတစ်ကောင်အတူပေါင်းပြီး ရှင်ကျန်ရစ်သူတွေကို ဘယ်လိုရှာဖွေကြမလဲသူမျှော်လင့်ထားသလို လူသားမျိုးနွယ်ကို ပြန်တိုးများလာအောင်လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီ Serie မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်…

အပိုင်းများ

Season - 1