မှုခင်းသဘောကျသူတို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်သံဇာတ်လမ်းတွဲတစ်ခုနဲ့မိတ်ဆက်ပေးပါရစေနက်သာရိဆိုတဲ့နယ်မြေတစ်ခုရဲ့ ရဲအရာရှိဆီကိုဖုန်းတစ်လုံးဝင်လာလို့အဲဒီလိပ်စာကို သွားကြည့်တဲ့အခါမှာတော့တိရစ္ဆာန်ခြေထောက်လို့ယူဆရတဲ့ စွန့်ပစ်ထားတဲ့အသားတုံးကိုတွေ့ပါတယ်သူကဘာသိဘာသာနဲ့ကျော်သွားမလို့ပေမဲ့ အဲဒီကနယ်ခံတွေကဒါဟာလူခြေထောက်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးပေးရန်လိုကြောင်း ပြောလာပါတော့တယ်ဒါကိုရဲအရာရှိကလက်မခံတဲ့အပြင် သူ့ကိုအတင်းပြောဆိုနေတဲ့သူတွေကို တွန်းလိုက်မိပြီးအဲဒီကနေ အမှုကပိုကြီးသွားပြီး ရဲကအရပ်သားပြည်သူတွေကိုတွန်းလွှတ်ပါတယ်ဆိုပြီး ဆူပူထကြွပါတော့တယ်ဒါပေမဲ့ဒီကိစ္စကမပြီးပြတ်သေးပါဘူး အကြောင်းရင်းကတော့ အဲဒီနယ်မြေမှာမကြာသေးတဲ့နှစ်အနည်းငယ်က ကလေး ၁၇ ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားခဲ့တာပါဒါကိုရဲတွေကဘာဖြေရှင်းချက်မှထုတ်မပေးတဲ့အပြင် ပျောက်ဆုံးသွားတဲ့ကလေးတွေကိုလည်းမဟုတ်မမှန်သတင်းတွေလွှင့်ပြီး အမှုကိုပြီးပြတ်စေခဲ့တာပါပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့ လူကြီးမိဘတွေငိုကြွေးပူဆွေးသံတွေနဲ့အတူဒီကိစ္စဟာတစ်ကျော့ပြန်လည်လာပြီး လူကြီးပိုင်းတွေကိုခေါင်းခဲစေပါတော့တယ်ဒီလိုနဲ့အဲဒီအမှုတွေကို တစ်ခုချင်းဖြေရှင်းရင်း အဖြစ်မှန်ကိုဖော်ထုတ်နိုင်မလားနောက်ကွယ်မှာ ဘယ်လိုလူတွေက ကြိုးကိုင်နေမလဲ ဘယ်လိုအကြောင်းရင်းတွေရှိနေမလဲဆိုတာ…….