ကျိကျိတက်ချမ်းသာပါတယ်ဆိုတဲ့ ရွှေမင်းသမီးနဲ့ ကျောင်းတက်ဖို့အိမ်ကမိဘကတစ်နေကုန်အလုပ်ကြိုးစားရတဲ့ဆင်းရဲသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမဲ့အပိုင်း၇ပိုင်းပါဝင်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပါတယ်။မိန်းကလေးဘက်က ဘယ်လောက်ချမ်းသာပြီးအရှိန်အဝါကြီးလဲဆိုတာတစ်ချက်ပြောရရင် ဝန်ကြီးကားတန်းကြီးလာလို့ လမ်းဘေးကားတန်းစီရပ်ရတဲ့ကားထဲသူ့အဖေပါတယ်ပေါ့ ဝန်ကြီးလာနေလို့ ပိတ်ထားတဲ့လမ်းကိုမှ ဖြတ်သွားချင်တဲ့အခါအဲဒီဝန်ကြီးဆီဖုန်းကောက်ဆက်ရုံပါပဲ ချောင်ဟန်ဆိုတဲ့နာမည်ကြားလိုက်ရရင်ဝန်ကြီးလည်းမနေသာ ကားတန်းကြီးလမ်းဘေးကပ်ရပ်ရပ်ကြည့်နေတဲ့လူတွေကိုလည်းမမှုနိုင် ပျာပျာသလဲဆင်းလာပြီးကားထဲမှာထိုင်နေတဲ့ချောင်ဟန်ကို ခြေထောက်ထိပြီး လာရှိခိုးရတဲ့အထိပါပဲ။ကောင်လေးအိမ်ကတော့ ချောင်ဟန်တို့မိသားစုရဲ့ အမှီအခိုနဲ့နေနေရတဲ့သူတွေဆိုပေမယ့်ကောင်လေးဟာ မာနတော့ရှိပါတယ်။ သူက တခြားသူက အလကားပေးတာမျိုးဆိုရင်လုံးဝကို လက်မခံတတ်တဲ့သူမျိုးပါ။ဒီလိုနဲ့ ရွှေမင်းသမီးလေးနဲ့ ဆင်းရဲသားကောင်လေးတို့ ကောလိပ်တစ်ခုတည်းမှာအတူတူ ပညာသင်ကြရင်းနဲ့ ဘယ်လိုတွေ ရင်းနှီးသွားမလဲ ……သူတို့နှစ်ယောက်ကြားက ကွာခြားမှုတွေနဲ့ ဘယ်လိုတွေ ဆက်ပြီး နှစ်ပါးသွားကြဦးမလဲ ……ဆိုတာကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ကားဖြစ်ပါတယ်။