Who Is She FHD

Who Is She

Comedy Sci-Fi & Fantasy FHD 2024-12-18 8.3

ဒီဇာတ်လမ်းလေးကတော့ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Miss Granny ဆိုတဲ့ ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။အဘွားအို အိုမယ်ဆွန်း ( Kim Haesook ) ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားရပြီးစားသောက်ဆိုင်သေးသေးလေး ဖွင့်ရင်း ကလေးတွေကို ပျိုးထောင်လာခဲ့တာ အသက် ၇၀ ကျော်နေပါပြီ။တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ကနေ ထွက်လာတဲ့ အိုမယ်ဆွန်းဟာ အသက် ၂၀ အရွယ်ရုပ်သွင်ကို ပြန်ပြောင်းသွားခဲ့ပါတယ် ။ဒီအခွင့်အရေးကို အသုံးချပြီး အိုမယ်ဆွန်းဟာ အိုဒူရီ ( Jung Jiso ) ဆိုတဲ့ နာမည်အသစ်နဲ့သူ့အိပ်မက်ဖြစ်တဲ့ အဆိုတော်ဖြစ်ဖို့ အရေး ကြိုးပမ်းပါတော့တယ်။Idol trainee တစ်ယောက် ဖြစ်လာတဲ့ အိုဒူရီဟာ Unis Entertainment ကို ဝင်သွားခဲ့ရာကနေပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ်ဟန် ( Jung Jinyoung ) နဲ့ တွေ့ဆုံရပါတော့တယ်။တိကျသေချာတဲ့ ပရိုဂျူဆာ ဒန်နီရယ်ဟန်ရဲ့ ဘဝထဲကို အဘွားအို တစ်ဖြစ်လဲ idol trainee အိုဒူရီရောက်လာပြီးတော့မှ ဘယ်လိုတွေ ကမောက်ကမဖြစ်မလဲ ။သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်းစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။