Squid Game 2 오징어 게임 2 FHD

Squid Game 2 오징어 게임 2

ကဲ အားလုံးမျှော်နေကြတဲ့ Squid Game S2ကတော့ 3နှစ်အကြာမှာ ထွက်ရှိလာပါပြီ။S1က ရင်းနှီးပြီးသား Castတွေဖြစ်တဲ့ Lee Jung Jae, Lee Byung Hun, Wi Ha Joon, Gong Yooတို့လိုမင်းသားကြီးတွေ အပြင် Im Si Wan, Kang Ha Neul, Park Sung Hoon တို့လို ပရိသတ်ရင်းနှီးပြီးသားတခြားနာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပေးကြပါသေးတယ်။S1 ကစားပွဲရဲ့ အနိုင်ရသူဖြစ်တဲ့ ကစားသမားနံပါတ် ၄၅၆ ဆောင်းဂီဟွန်း (Lee Jung Jae) ဟာတခြားကစားသမားတွေရဲ့ အသက်ကို ကယ်တင်ပြီး ကစားပွဲကို အဆုံးသတ်ချင်တဲ့အတွက်Squid Gameထဲကို ပြန်လည်ဝင်ရောက်လာပါတယ်။ဒါပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ပိုက်ဆံလိုအပ်လို့ ကစားပွဲထဲကိုရောက်လာကြတဲ့ကစားသမားအသစ်တွေကတော့ ဝမ်၄၅.၆ဘီလီယံဆိုတဲ့ ငွေပမာဏအမြောက်အမြားကိုမြင်ပြီးငွေဆိပ်တက်ကာ အသက်ကို မမှုနိုင်ဖြစ်နေကြပါတယ်။ဒါကြောင့် ဒီရက်စက်လှတဲ့ကစားပွဲထဲမှာ ဘယ်ကစားသမားက အဆုံးထိရှင်ကျန်သွားနိုင်မလဲ..။ဆောင်းဂီဟွန်းကရော ဒီကစားပွဲရပ်တန့်အောင် တားဆီးသွားနိုင်မလား..။S1 ထက် ပိုကြမ်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကောင်ပုံစံတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ရှုစားလိုက်ကြပါဦးနော်။