ငယ်ငယ်တုန်းကတည်းက လူကြောက်တတ်တဲ့ ဟာချီဆိုတဲ့ကောင်လေးဟာလူမှုဆက်ဆံရေးပိုင်းမှာ အားနည်းတဲ့အတွက်နဲ့ ကျောင်းမှာ အမြဲ အနိုင်ကျင့်ခံဖြစ်နေရတဲ့သူတစ်ယောက်ပေါ့။တစ်ရက်ကျတော့ သူတို့အတန်းထဲက ကိုအုကီ ရှိကာဇိုနိုဆိုတဲ့ ကောင်လေး ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ ကိုအုကီ ရှိကာဇိုနိုဟာလည်း ကြောင်တောင်တောင်ပုံစံလေးပေမဲ့သူဟာ မှော်ပညာကို စွဲလန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။ကိုအုကီ ရှိကာဇိုနို မပျောက်ခင် နောက်ဆုံးတင်ခဲ့တဲ့ ဆိုရှယ်မီဒီယာက စတိုရီမှာအချစ်ဂါထာတစ်ခုကို ဟာချီနဲ့ သူ့သူငယ်ချင်း တာနူကီတို့ ရှာတွေ့ခဲ့ကြပြီးဟာချီတစ်ယောက် လိုက်လုပ်တဲ့အခါ နတ်ဆိုးမြေခွေးကို ချိတ်ပိတ်ထားရာကနေလွှတ်လိုက်သလိုဖြစ်ပြီးတော့ နတ်ဆိုးမြေခွေးဟာ ကမ္ဘာမြေကို ရောက်လာပါတော့တယ်။အိဇီနဲ့ ဟာချီတို့ရဲ့ ချည်နှောင်မှုတွေကနေ ဘာတွေဆက်ဖြစ်မလဲ ……..အိဇီတစ်ယောက် ကမ္ဘာမြေပေါ်ရောက်လာပြီးနောက်မှာရော သူ့အတွက်ဘာတာဝန်တွေရှိနေဦးမှာလဲ …..လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က လူသားမိသားစုနဲ့ဖြစ်ခဲ့ရတဲ့ ရန်ငြှိုးတွေအပေါ်လက်စားချေလိုတဲ့ အိဇီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။