Wanted FHD

Wanted

ဂျောင်ဟယ်အင်း (Kim Ah Joong)ဟာ အလွန်ထင်ရှားကျော်ကြားပြီး ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ပါ။ အသက် ၇ နှစ်တည်းက ကလေးသရုပ်ဆောင်လုပ်လာတဲ့သူမဟာလက်ရှိမှာတော့ ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ပဲ အေးအေးချမ်းချမ်းနေချင်တော့တာကြောင့်အနုပညာလောကက‌နေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။ဒါပေမဲ့ အဲဒီနေ့မှာပဲ သူမရဲ့သားဖြစ်သူ ဟျွန်းအူဟာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒါကြောင့် သူမဟာ ပြန်ပေးသမားရဲ့တောင်းဆိုချက်အတိုင်း ရာဇဝတ်မှုကျူးလွန်သူတွေကိုဖော်ထုတ်ပေးတဲ့ reality show တစ်ခုမှာ ပါဝင်ပြီး သားဖြစ်သူရဲ့ တည်နေရာကိုသိရဖို့အတွက် မစ်ရှင်တွေလုပ်ရင်း ရုန်းကန်ရပါတော့တယ်။ဂျောင်ဟယ်အင်းတစ်ယောက် သားဖြစ်သူကို ပြန်ရှာတွေ့သွားမလား .. ။ပြန်ပေးသမားကရော ဘယ်သူဖြစ်ပြီး ဘာရည်ရွယ်ချက်နဲ့ ကလေးကိုပြန်ပေးဆွဲခဲ့တာလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် .. ။