“လေတိုက်ရာအရပ်အတိုင်း ထွက်တဲ့ခရီး” လို့အဓိပ္ပာယ်ရတဲ့ Punghyanggoဆိုတဲ့ ခရီးစဉ်မှာတော့အားလုံးချစ်ကြတဲ့ Running Manအဖွဲ့ဝင်တွေဖြစ်တဲ့ ယူဂျယ်ဆော့၊ ဂျီဆော့ဂျင်၊ ယန်ဆယ်ချန်းနဲ့မင်းသားကြီး ဟွမ်ဂျောင်မင်းတို့ ၄ယောက်သားက appတွေ လုံးဝမသုံးဘဲ ဗီယက်နမ်နိုင်ငံ ဆာပါမြို့ကိုပေါ့ပေါ့ပါးပါး ခရီးထွက်ကြမှာ ဖြစ်ပါတယ်။ခရီးစဉ်အစအဆုံး appလုံးဝမသုံးရတာဖြစ်လို့ သူတို့ ဘယ်လိုအခက်အခဲနဲ့ အလွဲလေးတွေ ကြုံတွေ့ရမလဲ..။အဲဒီ အလွဲလေးတွေကနေတစ်ဆင့် ဘယ်လိုအမှတ်တရတွေ ဖန်တီးပြီး ရယ်စရာအခိုက်အတန့်တွေဖြစ်လာမလဲဆိုတာ ကြည့်ရှုရင်းနဲ့ ကိုယ်တိုင်ခရီးထွက်လိုက်ရသလို စိတ်အပန်းပြေစေမှာဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်။