ရူဆောင်းဂျွန်းက အလုပ်မှာ စိတ်အားထက်သန်မှုအပြည်ရှိတဲ့ စုံထောက် တစ်ယောက်ပါ။ အမြဲတမ်း လူဆိုးဖမ်းဖို့ တာစူနေတဲ့လူတစ်ယောက်ဖြစ်ပြီး သူဆုံးဖြတ်ချက်ချထားတဲ့အတိုင်း လူဆိုးဖမ်းဖို့ပဲ အမြဲကြိုးစားနေတာကြောင့် သူ့ရဲ့ဖမ်းဆီးမှုနှုန်းက အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။ သူ့အစ်ကိုရူဆောင်းဟွန်းကတော့ ဉာဏ်အရမ်းကောင်းပြီး အရည်အချင်း ပြည့်ဝသူတစ်ယောက်ဖြစ်တယ်။ ဥပဒေစာမေးပွဲကို အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပြီး ထိပ်တန်း ဥပဒေကျောင်းကနေဘွဲ့ရခဲ့တယ်။ တရားမျှတမှု ရှိစေရေးအတွက် လုပ်ကိုင်နေတဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။