FHD
Jentry Chau vs the Underworld
ဂျန်ထရီချောင်ဆိုတဲ့ အမေရိကန်-တရုတ် ကပြားကောင်မလေးဟာ ဆိုးလ်မြို့မှာကျောင်းတက်နေရင်း တစ်နေ့မှာတော့ နတ်ဆိုးတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ သာမန်လူသားတစ်ယောက်မဟုတ်ဘဲ ထူးခြားတဲ့အစွမ်းတွေရှိနေတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး နတ်ဆိုးဘုရင်ကိုယ်တိုင်က သူ့ကိုလိုက်ရှာနေပြီးတော့အစွမ်းတွေကိုသိမ်းယူဖို့ကြိုးစားနေတာပါ။ဒါပေမဲ့ ဒီကောင်မလေးတိုက်ခိုက်ခံရတာကိုသိလိုက်ရတဲ့အခါ သူ့အဘွားရဲ့အမဖြစ်သူက ကောင်မလေးကို စောင့်ရှောက်ဖို့အတွက် မွေးရပ်မြေတက္ကဆက်ကိုပြန်ခေါ်ပါတော့တယ်။ဒီလိုနဲ့ ကြီးတော်ဖြစ်သူက သူ့အစွမ်းတွေကိုသုံးတတ်အောင် လေ့ကျင့်ပေးပြီးတော့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားရပါတော့တယ်။