တိုနီဆိုတာကတော့ အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ပါတယ်။သူဟာ တစ်ရက်မှာကမ္ဘာ့ပတ်လမ်းထဲကို သွားဖို့အတွက် ပြင်ဆင်နေပါတော့တယ်။အစစအရာရာ အဆင်ချောအောင်ပြင်ဆင်ထားခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှခဲ့ပဲ အာသာကလွန်းပျံယာဉ်ပျက်ကျခဲ့ပြီး တိုနီဟာလည်း ကျွန်းတစ်ကျွန်းအပေါ်မှာ သောင်တင်သွားပါတော့တယ်။ဒီလိုနဲ့ မမျှော်လင့်ပဲ ကျွန်းပေါ်မှာ ဖုန်ပုလင်းတစ်ခုကိုတွေ့ပြီး လက်နှင့်ပွတ်လိုက်ရာ ဂျင်းနီလေးထွက်လာပါတော့တယ်။ဒါပေမယ့် မြင်ဖူးနေကြ ဂျင်းနီလိုမျိုး ဘီလူးကြီးမဟုတ်ပဲ အသက် ၂,၀၀၀ ကျော်ရှိပြီဖြစ်တဲ့ ရွှေအိုရောင်ဆံပင်လေးနဲ့ ဂျင်းနီအမိုက်စားလေးဖြစ်ပါတယ်။ဂျင်းနီလေးဟာ သူ့ကိုလွှတ်ပေးခဲ့တဲ့ အရှင်သခင်ဖြစ်သူ တိုနီအားမြင်မြင်ခြင်း နက်နက်ရှိုင်းရှိုင်းချစ်မိသွားခဲ့ပါတယ်။ခက်တာက တိုနီဟာ သူ့ရဲ့ ဆရာလည်းဖြစ်သူ၊ လေတပ်ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်တဲ့ ဗိုလ်ချုပ် စတုန်းရဲ့ သမီးဖြစ်သူ မယ်လစ်ဆာနဲ့ စေ့စပ်ပြီးသားဖြစ်နေပါတယ်။မင်္ဂလာဆောင်ဖို့ ရက်အနည်းငယ်လေးလိုတဲ့အချိန်မှာ ဂျင်းနီရောက်လာပါတော့တယ်။ဂျင်းနီကလည်း တိုနီကိုချစ်မိသွားတာဖြစ်သောကြောင့် ဘယ်လိုအလွဲတွေနဲ့ ဘယ်လိုများ ပေါက်ကရတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ခံစားကြည့်လိုက်ကြပါခင်ဗျာ။