ဒီတခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ ကင်းလှည့်ရဲတွေရဲ့အကြောင်းတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပဲဖြစ်ပါတယ်…..အစမှာပဲ ဒယ်ဂါဒိုလ်ဆိုတဲ့ ကင်းလှည့်ရဲမေဟာ ကားတစ်စီးကို မသင်္ကာလို့ ရပ်ခိုင်းပြီးဖမ်းလိုက်ပါတယ်……ကားပေါ်မှာ သူနဲ့သိတဲ့ကောင်လေးတစ်ယောက်ရယ် သတိလစ်နေတဲ့ကောင်မလေးတစ်ယောက်ရယ်နောက်ထပ်ကောင်လေးတစ်ယောက်ရယ်ရှိနေလို့ စိတ်ထဲ မသင်္ကာတာနဲ့ ကားပေါ်ကဆင်းခိုင်းတဲ့အချိန်မှာပဲ သူနဲ့မသိတဲ့ကောင်လေးက သေနတ်နဲ့ပစ်လိုက်လို့ ဆုံးပါးသွားခဲ့ရပါတယ်…..အဲဒါကြောင့် သူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ ဟာမွန်ဆိုတဲ့ ရဲအရာရှိက ဒီအမှုကို သူများထက်အလေးအနက်ထားပြီး ကင်းလှည့်နေတဲ့အချိန် တခြားအမှုတွေကိုရှင်းရင်း လိုက်စုံစမ်းတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်……