The Joseon Gunman 조선 총잡이 FHD

The Joseon Gunman 조선 총잡이

Drama Action & Adventure FHD 2014-06-25 4.2

၁၉ရာစုရဲ့ ဂျိုဆွန်းမင်းဆက်မှာ တိုင်းပြည်နဲ့လူမျိုးကို ပိုကောင်းတဲ့ဘဝရောက်ပြီး လူသားတိုင်း တန်းတူညီမျှစေဖို့ ကြိုးစားနေကြတဲ့ဥာဏ်အလင်းဝါဒီအုပ်စုနဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကိုသာ လက်ကိုင်ထားချင်တဲ့ အာဏာကြီးအမတ်တွေရဲ့ ရှေးရိုးစွဲဝါဒီအုပ်စုဆိုပြီး နှစ်မျိုးကွဲပြားနေပါတယ်…တစ်နေ့မှာတော့ ဥာဏ်အလင်းဝါဒီအုပ်စုက ပညာသင်တွေချည်း အမည်မသိသေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုကို ခံနေရတဲ့အခါဘုရင့်သစ္စာတော်ခံဖြစ်တဲ့ နန်းစောင့်တပ်ဖွဲ့မှူးက အမှုမှန်ကိုစတင်စုံစမ်းဖို့လုပ်ပါတော့တယ်…ဒါပေမဲ့ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာရှိနေတဲ့သူကဩဇာညောင်းတဲ့အမတ်ကြီးတွေဖြစ်နေတဲ့အခါ နန်းစောင့်တပ်ဖွဲ့မှူးပါ သေနတ်သမားရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ်…ဒီလိုနဲ့ ဖခင်ဖြစ်သူနန်းစောင့်တပ်ဖွဲ့မှူးကြီးပါမက ညီမဖြစ်သူပါ အစေခံအဖြစ်ရောင်းစားခံလိုက်ရပြီး ကိုယ်ကိုယ်တိုင်ပါ လိုက်ဖမ်းခံရတဲ့ဘဝရောက်သွားတဲ့အခါဘတ်ယွန်းဂန်တစ်ယောက် ဘဝအမှန်ကိုဖုံးကွယ်ပြီး သေနတ်သမားအဖြစ်နဲ့ ပြန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်…လက်စားချေချင်စိတ်တွေပြည့်နှက်နေတဲ့ ဘတ်ယွန်းဂန်အဖြစ် ကိုယ်ရဲ့ အချစ်ဦးမင်းသားကြီး Lee Joon-Gi နဲ့အတူအဓိကဗီလိန်အဖြစ် မင်းသားကြီး Yu Oh-Seong တို့တင်မက တခြားဝါရင့်သဘာရင့် သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ပေးထားတာမို့ကြည့်ရတာ အရသာရှိမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…