The Count of Monte Cristo FHD

The Count of Monte Cristo

Drama Action & Adventure FHD 2025-01-13 7.7

ဒီတစ်ခုကတော့ ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထု မွန်တီခရစ်စတိုမြို့စားကြီးကိုပဲ တစ်ဖန်ပြန်လည်အသက်သွင်းထားတဲ့ အင်္ဂလိပ်စကားပြော mini series လေးပါ။ဇာတ်လမ်းအစပျိုးကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယန် အယ်ဗာကျွန်းကို နယ်နှင်ဒဏ်ပေးခံရချိန်ကာလမှာစတင်ထားပါတယ်။နပိုလီယန်ရဲ့သူလျှိုဆိုတဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အက်ဒ်မွန်ဒန်တစ်စ်ဟာ ခုံရုံးမတက်ရ မစုံစမ်းမစစ်ဆေးရပါပဲ နာမည်ဆိုးနဲ့‌ကျော်ကြားတဲ့ချိတိုဒိစ်ကျွန်းမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့အဖမ်းခံလိုက်ရပါတယ်။အဲ့လိုဖမ်းခံလိုက်ရတာရဲ့နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ထားတဲ့လူသုံးယောက်ရှိနေပြီး အဲ့ဒီသူ့အပေါ်မ‌လိုမုန်းထားစိတ်တွေကြောင့် အက်ဒ်မွန်ဟာ အိမ်၊မိဘ၊ချစ်ရသူ၊ဘ၀အကုန်လုံးကိုဆုံးရှုံးလိုက်ရပါတော့တယ်။သူကျွန်းကနေထွက်လာနိုင်ပြီးတဲ့အခါမှာတော့ သူ့အပေါ်မကောင်းကြံခဲ့တဲ့လူသုံးယောက်ကို လက်စားချေဖို့အကြံစတင်ပါတော့တယ်။အပြင်လောကမှာ ဒီလိုမတရားမှုမျိုးက တရားမျှတမှုရဖို့မလွယ်ပါဘူး။ ဒါပေမယ့် အကယ်၍ဆိုတဲ့အခြေအနေမျိုးမှာ အက်ဒ်မွန်နဲ့အတူသူ့ရဲ့ကလဲ့စားခရီးမှာ လိုက်ပါခံစားကြည့်လိုက်ကြပါ။ဘယ်ပြန်ရိုက်တာမျိုးကမှ ၀တ္ထုကိုမမှီဖူးပါဘူး။ ဒါပေမယ့် Adaptation တစ်ခုအနေနဲ့တော့ အချိန်ပေးဖို့တန်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။Cast တွေအနေနဲ့လည်း The Hunger Games , Me before you တို့နဲ့နာမည်ကျော်ခဲ့တဲ့ Sam Claflin က အက်ဒ်မွန်ဒန်တစ်စ် အနေနဲ့ပါ၀င်ထားလို့ လက်မလွှတ်သင့်ပါဘူး။