The Truth ကတော့ ၂၀၂၄ ကထွက်ရှိထားတဲ့အစ္စရေးတရားခွင်ဒရမ်မာစီးရီးတစ်ခုဖြစ်ပါတယ်။ ယာဒန်ပါလီဆိုတဲ့မိန်းမငယ်လေးတစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့တရားခံရူဘီဒီလိုယာဟာ အပြစ်ရှိကြောင်းစီရင်ချက်ချခံရပြီးတဲ့တိုင်အောင်သူ့မှာအပြစ်မရှိဘူးလို့သာဆိုနေပြီး ဆယ်နှစ်အကြာမှာ အယူခံဝင်ခဲ့ပါတယ်။ ရူဘီဒီလိုယာရဲ့အမှုဟာ အစ္စရေးနိုင်ငံရဲ့အငြင်းပွားစရာအကောင်းဆုံးအမှုဖြစ်လာပြီး ဒီလိုယာကအပြစ်ရှိတာကိုယုံကြည်သူတွေနဲ့ မယုံကြည်သူတွေကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။ဒီလိုနဲ့ ဒီလိုယာရဲ့အယူခံကို တရားရုံးကစီရင်ချက်ချမယ့်နေ့မှာပဲနောက်ထပ်မိန်းမငယ်လေးတစ်ယောက်ဟာ ယာဒန်ပါလီလိုတစ်ပုံစံတည်းသတ်ဖြတ်ခံထားရတာကိုတွေ့ရှိခဲ့ရပြီးတဲ့နောက်မှာတော့ အမှုရဲ့မူလစုံစမ်းစစ်ဆေးမှုတွေကိုသံသယဖြစ်လာကြပြီး လူငယ်စုံထောက်ရာချယ်လီဇာဘာတာနီတစ်ယောက် အမှုနှစ်ခုလုံးကို ပစ္စုပ္ပန်မှာဖြေရှင်းနိုင်ဖို့ အတိတ်ကိုပြန်လည်အဖြေရှာရပါတော့တယ်။IMDb rating 7.2/10 ရရှိထားပြီး မင်းသမီးချောလေးMor Dimri က စုံထောက် ရာချယ်လီဇာဘာတာနီအဖြစ်သရုပ်ဆောင်ပေးထားပါတယ်။