The Golden Spoon 금수저 FHD

The Golden Spoon 금수저

Sci-Fi & Fantasy FHD 2022-09-23 8.3

(On Going Series)ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီး ခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါ Lee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီး ရုန်းကန်ကြီးပြင်းလာခဲ့ရတယ် နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီး ချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကို ကြားလိုက်ရတယ်”မချမ်းသာချင်ဘူးလား? ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ” Seung-Cheon စိတ်ဝင်စားသွားပြီး ရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ် “ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာ ဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆို သူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်” သူလည်း အဘွားအိုပြောတဲ့အတိုင်း အရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်း Hwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲ သူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်…