Reverse with Me ล้านวงโคจร FHD

Reverse with Me ล้านวงโคจร

Drama Sci-Fi & Fantasy FHD 2025-02-05 8.3

နာမည်ကြီး စာရေးဆရာ Zezeho ရဲ့ best seller triology ကို အခြေခံ ရိုက်ကူးထားတဲ့ Reverse 4 U အပြီးမှာတော့ အခု ဂျတာဝါနဲ့ ဖိုးတို့ရဲ့ သမီးကြီးဖြစ်တဲ့ ကာရန်ရဲ့ reverse with me ဆိုတဲ့ second series လေး ဒီနေ့မှာ ထွက်ရှိလို့လာပါပြီ။ ဒီကားလေးထဲမှာတော့ အေးစက်စက်ဒေါက်တာမမနဲ့ ကပ်ချွဲမယ့် ဆေးကျောင်းသူညီမလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ပုံဖော်သွားမှာဖြစ်လို့ ဆရာဝန် မဖြစ်ရင် ဆရာဝန်မမနဲ့ ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးယဉ်ရင်း ရှုစားလိုက်ကြပါဦးစို့။ လွန်ခဲ့တဲ့ 7 နှစ်က သေမင်းခံတွင်းဝကနေ ကပ်သီလေးလွတ်မြောက်ခဲ့တဲ့ ကလီယိုကလူအန်ဟာ အဲဒီနေ့ကစလို့ သူ့ကိုကယ်ပေးခဲ့တဲ့ မမရဲ့ပုံရိပ်လေးဟာ အိပ်မက်တွေထဲအထိ စိုးမိုးနေခဲ့ပါတယ်။ ဒါပေမဲ့ ‌သူ့ရဲ့ကယ်တင်ရှင်ကို ရှာဖို့ရာကလည်း အရာရာဟာ ဝိုးတဝါးမို့လို့ လမ်းစပျောက်နေတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့ April Ninth Doctor ကယ်တင်ရှင်မမခြေရာနင်းမယ်ဆိုပြီး ဆေးကျောင်းကို ရောက်လာတဲ့ ကလီယိုကလူအန်တစ်ယောက် .. ခွဲခန်းရဲ့ ရေခဲမျက်နှာလို့ တင်စားရလောက်အောင် အနေတည်ပြီး အေးတိအေးစက်နေတတ်တဲ့ နှလုံးနဲ့ရင်ခေါင်းခွဲစိတ်ဆရာဝန်နဲ့ အရေးပေါ်ခန်းမှာပြန်ဆုံရဖို့ ဖြစ်လာတဲ့အခါမှာတော့…