Newtopia 뉴토피아 FHD

Newtopia 뉴토피아

Lee Jae-Yoon(Park Jeong-Min) ကတော့ အခြားသော သက်တူရွယ်တူတွေထက် နောက်ကျပြီးအသက် ၂၆ မှ စစ်မှုထမ်းနေရသူတစ်ဦးပါ ။ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Kang Young-Joo(Kim Jisoo) ကတော့ တက္ကသိုလ်တက်စဉ်က ရုပ်ရည်ချောမောမှုကြောင့် အလှဘုရင်မလို့ နာမည်ကြီးခဲ့ပြီးအခုလက်ရှိမှာတော့ ကုမ္ပဏီတစ်ခုရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။Lee Jae-Yoon တစ်ယောက် သူ့ရဲ့အနာဂါတ်နဲ့ပက်သက်ပြီး ပူပန်သောကရောက်နေရတာနဲ့တင်ချစ်သူကောင်မလေးရဲ့ခံစားချက်တွေကို အလေးမထားမိဘဲ သမီးရည်းစားနှစ်ယောက်ရဲ့ဆက်ဆံရေးဟာအေးစက်လာပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့အချိန်….တစ်ရက်မှာတော့ လူတွေကို ဇွန်ဘီအဖြစ် ကူးစက်ပြောင်းလဲစေတဲ့ ဘယ်ကမှန်းမသိတဲ့ ဗိုင်းရပ်စပ်တစ်ခုပေါ်ထွက်လာပြီး ဆိုးလ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။ထိတ်လန့်စရာပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်း သန်မာရဲရင့်လာတဲ့ ကုမ္ပဏီဝန်ထမ်းလေး Kang Young-Joo နဲ့စစ်သားဖြစ်နေပေမဲ့လည်း အားနည်းပြီးတော့ ယုံကြည်ချက်မရှိတဲ့ Lee Jae-Yoon တို့နှစ်ယောက်ဟာကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီတွေကို တစ်ဆင့်ချင်းစီ နှိမ်နှင်းပြီးတော့ အပျက်အစီးတွေကြားထဲမှာပြန်လည်ဆုံစည်းအောင် ကိုယ်စီ ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြပါဦးနော်။