The Eastern Gate FHD

The Eastern Gate

ဒီ ရုပ်ရှင် series လေးကတော့ 2025 မှာ ထွက်ရှိလာတာဖြစ်ပြီးခရိုင်းမီးယားဒေသ ရုရှားကျူးကျော်စစ်အပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ဥရောပ နိုင်ငံတွေ နဲ့ ရုရှားနိုင်ငံ အကြား စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုပြင်းထန်လာတဲ့အခါမှာ ပိုလန်၊ ရုရှား၊ ဘီလာရုစ် ဒေသတွေဟာစစ်ငွေ့သမ်းလာပါတယ်။တစ်ဘက် နဲ့ တစ်ဘက်လည်း နိုင်ငံရေး၊ စစ်ရေး အသာစီးယူနိုင်ဖို့အစိုးရကျောထောက်နောက်ခံ ထောက်လှမ်းရေး အေဂျင်စီတွေကနေတဆင့် သူလျှိုတွေ အပြန်အလှန် ထည့်ထားကြပါတယ်။ပိုလန်ထောက်လှမ်းရေးအဖွဲ့အစည်းမှာ လုပ်ကိုင်နေတဲ့အက်စကာအိုဂီနက် နဲ့ ခင်ပွန်းဖြစ်သူ စကီနာ တို့က ထောက်လှမ်းရေးမစ်ရှင်တစ်ခုအပြီးမှာ အနားယူဖို့ပြန်လာပါတယ်။အိုဂီနက်ကတော့ ဒဏ်ရာလည်း ရခဲ့တာကြောင့် ထောက်လှမ်းရေးအဖွဲ့ကနေ အနားယူချင်နေပါပြီ။ ဒါပေမဲ့လည်း ခင်ပွန်းဖြစ်သူစကီနာ ကို ရုရှားတွေ ဖမ်းမိသွားပြီး ရုရှားလက်ထဲရောက်သွားတဲ့အခါမှာတော့ ဒီထောက်လှမ်းရေးလောကထဲကို ပြန်ဝင်ရောက်ပတ်သတ်ရဖို့ ဖြစ်လာပါတော့တယ်။ဒီ series လေးမှာတော့ နိုင်ငံရေး၊ စစ်ရေး အပြင် ထောက်လှမ်းရေးတွေရဲ့အားပြိုင်မှုတွေကို စိတ်ဝင်တစား ရှုစားကြရမှာဖြစ်ပြီး သူလျှိုဇာတ်လမ်းဇာတ်ကွက်တွေကို ဥရောပရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့အချိတ်အဆက်မိမိ တင်ဆက်ထားတာဖြစ်ပါတယ်။

အပိုင်းများ

Season - 1