Power of Paanch FHD

Power of Paanch

Mystery Sci-Fi & Fantasy Kids FHD 2025-01-17 8.3

ဗုဒ္ဓဘာသာပါဠိကျမ်းစာတွေမှာ အခြေခံအကျဆုံး သဘောသရုပ်အနေနဲ့ဓာတ်ကြီးလေးပါးဆိုပြီး ရှိတယ်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောပေါ့။ပါဠိဘာသာအနေနဲ့ စတ္တာရောမဟာဘူတလို့ ခေါ်ကြတယ်။ ဒီမဟာဘူတကိုပဲဟိန္ဒူဘာသာရဲ့ သင်္သကရိုက်ဘာသာစကားမှာလည်း သုံးကြတယ်။အဲဒီမှာတော့ မြေ၊ ရေ၊ လေ၊ မီးအပြင်အကာသဓာတ်လို့ခေါ်တဲ့ဓာတ်တစ်ပါး ပါဝင်တာမို့ ဓာတ်ကြီးငါးပါးပေါ့။ဒီဇာတ်လမ်းတွဲမှာလည်း အဲဒီဓာတ်ကြီးငါးပါးကလူသားတွေဆီမှာ စွမ်းအားအနေနဲ့ ကိုယ်စီပိုင်ဆိုင်ထားတဲ့လူသားတွေရှိနေပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ဘီလာဆိုတဲ့ ဆယ့်ရှစ်နှစ်သမီးတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ရှိတယ်။ငယ်ငယ်ကတည်းက မိခင်ဖြစ်သူရဲ့ လွပ်လပ်စွာနေထိုင်ခွင့်ဆိုတဲ့အခွင့်အရေးရထားပေမဲ့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့စည်းကမ်းနှစ်ခုရှိတယ်။တစ်အချက် – ပန့်ချ်ဂရီဆိုတဲ့မြို့ကို လုံး၀မသွားရ။နှစ်အချက် – သူ့အမေရဲ့ စတိုခန်းကိုလုံး၀ဝင်မကြည့်ရတဲ့။ဘီလာတစ်ယောက် နံပါတ်တစ်အချက်ဖြစ်တဲ့ပန့်ချ်ဂရီကို သွားချင်တဲ့စိတ်နဲ့ နံပါတ်နှစ်အချက်စည်းကမ်းကိုချိုးဖောက်လိုက်တဲ့အခါမှာတော့…။