“ကျောက်ခဲမ” ဆိုပြီး နာမည်ပြောင်တောင် ပေးခံထားရတဲ့ အရှက်အကြောက်အလွန်ကြီးတဲ့ Uka ဆိုတဲ့ ကောင်မလေး။အမြဲတမ်း Lemon Soda ဖျော်ရည် သောက်နေတတ်ပြီး မတရားတာမြင်ရင် မနေနိုင် ဝင်ပါတတ်တဲ့ ဘုဂလန့်ပြောတတ်သူ ဆံပင်ရွှေရောင်နဲ့ Kai ဆိုတဲ့ ကျောင်းမှာနာမည်ကျော်တဲ့ကောင်လေး။ဒီလို ကောင်မလေးနဲ့ ကောင်လေးတို့ဟာ အထက်တန်းကျောင်းမတိုင်ခင်ကတည်းက အဖြစ်အပျက်လေး တစ်ခုကြောင့် တွေ့ဆုံခဲ့ကြပြီးအထက်တန်းကျောင်းမှာလည်း အတန်းတူတူ ဖြစ်လာတဲ့အခါမှာတော့Uka နဲ့ Kai တို့ကြား ဘယ်လို ဆက်ဆံရေးတွေ ဘယ်လိုသံယောဇဉ်လေးတွေ ဖြစ်ပေါ်လာမလဲဆိုတာ ကြည့်ရမယ့် Romance Anime လေးတစ်ခု ဖြစ်ပါတယ်။ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ One Punch Man S2 အပါအဝင် တခြား နာမည်ကြီး Anime တချို့ကို ထုတ်ပေးထားတဲ့ J.C.Staff Studio ပဲ ဖြစ်ပါတယ်။တခြား Isekai စွန့်စားခန်းတွေ အက်ရှင်တွေကို ရိုးအီနေလို့ အချစ်တစ်လိုင်း မြည်းစမ်းချင်တယ်ဆိုရင်တော့ စမ်းသပ်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါစေဗျာ…။