The Secret of the Shiledars 2025 မေ့လျော့ခံသူရဲကောင်းတွေရဲ့ ပဲ့တင်သံအက်ရှင် စွန့်စားခန်းတွေနဲ့ ပဟေဠိဆန်ဆန် ဒဏ္ဍာရီတွေကိုကြိုက်နှစ်သက်သူပရိသတ်တွေအတွက် စီးရီးကောင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ရာဗီဟာ ကားမတော်တဆမှုကြောင့် ငယ်စဉ်ကတည်းက သူ့မိဘတွေကို ဆုံးရှုးခဲ့ရပါတယ်။မိသားစုတစ်ခုက သူ့ကိုခေါ်ယူမွေးစားခဲ့တာမို သူ့ဘဝခရီးလမ်းဟာ သာယာဖြောင့်ဖြူးပြီးပူပင်ကြောင့်ကြမဲ့ နေထိုင်လာရပါတယ်။ သူဟာ ဆရာဝန်တစ်ယောက်ဖြစ်လာပေမဲ့သမိုင်းရာဇဝင်တွေကို စိတ်ဝင်စားသူတစ်ဦးပါ။တစ်နေ့မှာသူ့ကို စာအုပ်ဖြန့်ဖြူးရေးပွဲတစ်ခုဖိတ်လို တက်ရောက်ချိန်တရားသူကြီးတစ်ဦးက စင်မြင့်မှာ မူးလဲသွားပါတယ်။သူကဆရာဝန်မို လူနာအခြေအနေသိဖို စင်ပေါ်တက်သွားပါတယ်။ဒါပေမဲ့သူအနားရောက်သွားတာနဲ့ တရားသူကြီးက သူ့ကို သူ့ဖခင်ပြောကြားဖူးတဲ့လျှိဝှက်စကားကိုသုံးလိုဆက်သွယ်လာပြီး သူ့ကိုလာတွေ့ခိုင်းလေရဲ့။သူရောက်ရှိသွားချိန်မှာတော့ အံ့သြဖွယ်ကောင်းလောက်အောင် သူ့အကြောင်းတွေကိုသိနေသူတရားသူကြီးက သူ့ဘဝအစစ်အမှန်ကို ပြောပြပါတော့တယ်။ချတ်တရာပါတီ ရှီဗာဂျီမဟာရာ့ဂ်ျသမိုင်းကြောင်းကိုသူစိတ်ဝင်စားလိုလိုက်စားနေတာသာမန်မဟုတ်ကြောင်း၊ သူ့ဖခင်နေရာကို ဆက်ခံပြီးသူ့ဖခင်ကာကွယ်ရင်းသေဆုံးခဲ့ရတဲ့ သူတိုမျိုးနွယ်စုရဲ့ ရတနာကိုသူပါဆက်လက်ကာကွယ်ရမယ့်အကြောင်း ပြောကြားလာပါတော့တယ်။သူတိုရဲ့ ရာစုနှစ်ကြာ အမွေအနှစ်ကို ပြိုကွဲပျက်ပြားစေဖို ခြိမ်းခြောက်လာတဲ့အမှောင်စွမ်းအားတစ်ခု ပေါ်ပေါက်လာချိန်မှာတော့သူတိုအမိန့်ရဲ့ မူလအစနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို စွန့်စားရမယ့်ခရီးစဉ်ကို စတင်ရပါတော့တယ်။သူတိုရဲ့သစ္စာရှိမှု၊ ခွန်အားနဲ့ ကံကြမ္မာကိုစမ်းသပ်တဲ့ စိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ရှုအဖြေထုတ်ကြည့်ပေးကြပါဦး။