နွေးထွေးပြီး တရားမျှတလိုစိတ်အပြည့်ရှိတဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတဲ့ ဂန်ဂွန်း (Ju Ji Hoon) ဟာတူမလေး ဒါအင်းကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။တစ်နေ့မှာ ဂန်ဂွန်းတစ်ယောက် တူမဖြစ်သူ ဒါအင်းကို ကယ်တင်ဖို့အတွက် သဘာဝလွန်စွမ်းအားတွေပါတဲ့ပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်ပတ်ဝန်းကျင်တစ်ခုကို ရောက်သွားတဲ့ခဲ့ပါတော့တယ်။ရှင်းဆိုယောင်း (Jin Se Yoon) ဟာ ဖခင်ဖြစ်သူ စုံထောက်ကြီးရဲ့ လမ်းစဉ်အတိုင်းလိုက်တာ အပြစ်သားတွေရဲ့ကိုယ်ရေးအချက်အလက်စစ်ဆေးသူအဖြစ် လုပ်ကိုင်လျက်ရှိကာ သူမတူတဲ့ စုံစမ်းရေးအရည်အချင်းတွေအမှုအသွားအလာကို သုံးသပ်နိုင်မှုတွေရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။တရားမျှတလွန်းတဲ့ အမှုစစ်ဂန်းဂွန်းနဲ့ တော်လွန်လှတဲ့ ရှင်းဆိုယောင်းတို့နှစ်ယောက် ပေါင်းပြီး အမှုကိစ္စတွေကိုဘယ်လို ဖြေရှင်းကြမလဲ အမှန်တရားတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို အက်ရှင်ကားဆန်ဆန်လျှို့ဝှက်ဆန်းကြယ်စွာ ရိုက်ကူးပြထားတာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။