“အနုပညာမျိုးဆက်ထွန်းကားရာ ရိုရှန်မိသားစုကမ္ဘာ”အနုပညာလောကမှာ တစ်မိသားစုတည်းက နာမည်ကျော်တွေအများကြီးထွက်တာထက်စာရင်တစ်မိပေါက်တစ်ယောက်ထွန်းကြတာ များပါတယ်။ အဖေရုပ်ရှင်မင်းသားဖြစ်တိုင်းသားတို မြေးတိုက အမြဲလိုက်ဖြစ်တတ်တာမျိုး မရှိတတ်ပါဘူး။ဒါပေမဲ့ ရိုရှန်မိသားစုတွေကတော့ အဘိုးကနေ မြေးခေတ်အထိ ဂီတနဲ့ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ ဆက်တိုက်ထွက်ခဲ့တာပါ။အခုစီးရီးကတော့ ရိုရှန်မိသားစုအကြောင်းကို Documentary ပုံစံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ရိုရှန်မိသားစု မျိုးဆက်တစ်ခုလုံးကို အနုပညာသွေးစီးဆင်းစေခဲ့သူကဂီတပညာရှင် ဆရာကြီးရိုရှန်လာနာဂရတ်ပါပဲ။ သူ့သားနှစ်ယောက်ထဲရာကေ့ရှ်က နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ရာဂျေ့ရှ်ကတောသူ့အဖေလို သီချင်းရေးဆရာ တေးဂီဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ရာကေ့ရှ်ရဲ့သားဖြစ်သူ ရီသိက်ရိုရှန်ကလည်း နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက်ပါပဲ။အိန္ဒိယကမဟုတ်တဲ့ ဒီခေတ်ပရိသတ်တွေအနေနဲ့ အဘိုးနဲ့အဖေကိသိပ်မသိရင်တောင် မင်းသားချော ရီသိက်ရိုရှန်ကို ကောင်းကောင်းသိကြမယ်ထင်ပါတယ်။အဲဒီလို မျိုးရိုးစဉ်ဆက် အနုပညာရှင်တွေထွက်ခဲ့တဲ့ ရိုရှန်မိသားစုကို အခြေခံပြီးဆရာကြီးရိုရှန်ရဲ့ အနုပညာလက်ရာတွေနဲ့ သူတိုမိသားစုရဲ့အနုပညာလက်ရာတွေအကြောင်းကိုသီချင်းတွေ ရုပ်ရှင်ပြကွက်တွေနဲ့ ပြန်ပြောင်းဖော်ပြရင်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာ ဖြစ်ပါတယ်။