The Jewel of Section E FHD

The Jewel of Section E

Unknown FHD 2025-01-03 8.3

ဂျေးဂျေးဆိုတဲ့ကောင်မလေးဟာ Higher Value အပြည်ပြည်ဆိုင်ရာကျောင်းကိုကျောင်းပြောင်းကျောင်းသူ အသစ်တစ်ယောက်ဖြစ်ပြီးတစ်ကျောင်းလုံးမှာအဆိုးဆုံး ဆက်ရှင်တစ်ခုဖြစ်တဲ့ ဆက်ရှင် E မှာတက်ရဖို့ဖြစ်လာခဲ့ပါတယ်။ဆက်ရှင် E ဟာဗရုတ်သုတ်ခကျောင်းသားချည်းသီးသန့်ထားတဲ့ဆက်ရှင်တစ်ခုဖြစ်ပြီး အတန်းခေါင်းဆောင်ဖြစ်တဲ့ ကီဖာကတော့ အားလုံးထဲမှာအဆိုးဆုံးပါပဲ။သူတို့အားလုံးရဲ့တစ်ခုတည်းသော ဦးတည်ချက်က သူတို့ကြားမှာစုန်းပြူးလိုဖြစ်နေတဲ့ တစ်ဦးတည်းသောမိန်းကလေးဖြစ်တဲ့ ဂျေးဂျေးကို ဖြစ်တဲ့နည်းနဲ့နှင်ထုတ်ဖို့ဖြစ်ပြီးဂျေးဂျေးကလည်း ဒါမျိုးကိုအလွယ်တကူအညံ့ခံမယ့်ကောင်မလေးတစ်ယောက် ဟုတ်မနေခဲ့ပါဘူးဒီလိုကျောင်းသားတစ်အုပ်ကြားမှာနေဖို့ခေါင်းမာမာနဲ့ဆုံးဖြတ်လိုက်တဲ့ ဂျေးဂျေးက ဘယ်လိုကောင်မလေးလဲ? ဘယ်လိုနောက်ကြောင်းတွေရှိမလဲ?ဂျေးဂျေးနဲ့ ဗရုတ်သုက္ခထိပ်ခေါင်ကျောင်းသားတစ်သိုက် ဘယ်လိုရှေ့ဆက်နှစ်ပါးသွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရှုစားရမယ့် rom/com series အသစ်လေးဖြစ်ပါတယ်။Wattpad နာမည်ကျော်စာအုပ်စီးရီးစ်တစ်ခုကိုအသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပြီး အဆိုတော်မင်းသမီးလေး Ashtine Olviga ကခေါင်းဆောင်ပါဝင်ထားပါတယ်။