အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့Pixar Animation Studios ရဲ့ Animated TV series လေးပဲဖြစ်ပါတယ်…ဒီကားလေးမှာဆိုရင် အလယ်တန်းကျောင်း Softball အသင်းတစ်သင်းရဲ့ ချံပီယံရှစ်ပြိုင်ပွဲတက်လှမ်းနိုင်ရန် ပြိုင်ပွဲဝင်စဉ်ကာလအတွင်း ဇာတ်ကောင်တစ်ခုချင်းစီရဲ့ အကြောင်းကို တစ်ပိုင်းစီပုံဖော်တင်ဆက်ပေးထားတာဖြစ်ပြီး ကျောင်းသားနဲ့ ဆရာကြား၊ဆရာနဲ့မိဘကြား၊ မိဘနဲ့သားသမီးကြား၊ ဆရာအချင်းချင်းကြား၊မိဘအချင်းချင်းကြား၊ ကျောင်းသားအချင်းချင်းကြား၊ နည်းပြနဲ့ကစားသမားများကြားစတဲ့ ဆက်ဆံရေးပေါင်းစုံကို ပြုံးရွှင်ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်…..ဒီ Animation ပရောဂျက်လေးကို Carrie Hobson နဲ့Michael Yates တို့နှစ်ယောက်က ၂၀၂၀ ကတည်းက စတင်ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး ၂၀၂၅ အရောက်မှ ထွက်ရှိလာတာပဲဖြစ်ပါတယ်…..Carrie Hobson ဟာဆိုရင် ပရိသတ်များရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တဲ့ Elemental (2023) နှင့် Toy Story 4 (2019) တို့မှာStory Artist အဖြစ်တာဝန်ယူခဲ့ပြီး Luca (2021) မှာတော့Associated Executive Producer အနေနဲ့ ပါဝင်ခဲ့ပါတယ်..Michael Yates ဟာဆိုရင်လည်း Animation Studios အကြီးစားကြီးတွေဖြစ်တဲ့ DreamWorks၊ Walt Disney တို့နဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာတော့ Pixar နဲ့လက်တွဲကာ Car 3 (2017)၊Toy Story 4 (2019) တို့မှာ story artist အနေနဲ့ တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်…၎င်းတို့နှစ်ယောက်ရဲ့ အတွေ့အကြုံများနဲ့ အနုပညာအရည်အသွေးကိုပေါင်းစပ်ပြီးဖန်တီးထားတဲ့ ဒီ Animation ဇာတ်လမ်းတွဲလေးမှာဆိုရင် သဘောကျစရာဇာတ်ကောင်စရိုက်တွေနဲ့ ချစ်စရာဇာတ်ကောင်သွင်ပြင်လေးတွေပါလို့ Animation ကားနှစ်ခြိုက်သူ ကာတွန်းကားချစ်သူ ပရိသတ်များသဘောကျစေမယ်လို့ ယုံကြည်ပါတယ်…ပထမဆုံး season အနေနဲ့ ၈ ပိုင်းပါဝင်မယ့်ဒီကာတွန်းဇာတ်လမ်းတွဲလေးဟာ တစ်ပတ်ကို ၂ ပိုင်းသာထွက်မှာဖြစ်ပြီး တစ်ပိုင်းကိုမိနစ် ၂၀ လောက်သာကြာတာကြောင့် အချိန်လည်းအရမ်းပေးစရာမလိုဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာဖြစ်လို့ ကာတွန်းချစ်သူပရိသတ်များဘဝအမောတွေဖြေရင်း ခံစားနိုင်ဖို့ တင်ဆက်ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ………