ဂျန်နဲ့လီဆာက တစ်ရက်ထဲမွေးကြတဲ့ဝမ်းကွဲညီအမတွေဖြစ်ပါတယ်.. သူတို့ အဖေကတာဝန်ထမ်းဆောင်ရင်းသေဆုံးခဲ့ပါတော့တယ်… အဲ့ဒီလိုနဲ့ပဲ လာလီဆာရဲ့အမေက ဂျန်နာရီကို သမီးအရင်းလေးလိုဘဲဆက်ဆံခဲ့တယ် သူတိုရဲ့မောင်အငယ်လေးနဲ့အတူရင်းရင်းနှီးတဲ့မောင်နှစ်မဆက်ဆံရေးလေးတခုဖြစ်လာခဲ့တယ်…. အချိန်တွေကြာပြီးတဲ့နောက်မှာ ဂျန်နာရီနဲ့လာလီဆာက SICအထူးစုံစမ်းစစ်ဆေးလေ့ကျင့်ရေးစခန်းကို ဝင်ပြီး ထိုင်းတော်ဝင် ရဲတပ်ဖွဲနဲ့ ဗိုလ်ချုပ်မှူးကြီးရုံးကပါ လေးစားမှုခံရတဲ့ ရဲအုပ်နုန်ရဲ့သင်ကြားမှုကို ခံယူဖို့ နှစ်ယောက်လုံးကို အပို့ခံခဲ့ရတယ်.. ရှေ့ဆက်ပြီး နုန်က ဒါရင်ကိုသူ့လက်ထောက်အသစ်အနေနဲ့ရွေးခဲ့တယ်… ဒါပေမဲ့မူးယစ်သားကောင်တွေနောက်လိုက်ရင်း ဒါရင် သေဆုံးပြီးနောက်မှာစိတ်ဓာတ်ကျပြီးတာဝန်ကနေနှုတ်ထွက်ခဲ့တယ်….