Jumong 주몽 FHD

Jumong 주몽

Drama War & Politics FHD 2006-05-15 7.821

ဒီဇာတ်လမ်းတွဲဟာ IMDb…7.2,,,AsianWiki….91 ရရှိထားပါတယ်…..ဂျူမုံကားလာချိန်ဆို မိသားစုတွေ တစ်စုတစ်ဝေးနဲ့တီဗွီရှေ့မှာ စောင့်ခဲ့ကြရတာမှတ်မိကြဦးမယ်ထင်ပါတယ်….အပိုင်းလေးတစ်ပိုင်းလောက်လွတ်သွားတာနဲ့ အရာအားလုံးကိုဒေါသထွက်မိတဲ့ အခိုက်အတန့်တောင်ရှိခဲ့ကြမယ်ထင်တယ်…..အားလုံးက ဂျူမုံကားဆိုရင် မကြည့်ဖူးရင်တောင်မှ ဂျူမုံမင်းသားဆိုပြီးရင်းနှီးနေမယ်ထင်ပါတယ်.….ဒီကားဟာ ကိုရီးယားဘုရင် ဂျူမုံရဲ့ သမိုင်းကိုအခြေခံပြီးရိုက်ကူးခဲ့တာပါ…မူလအစက အပိုင်း(၆၀)သာ ရိုက်မယ်လို့ စီစဉ်ခဲ့ပေမယ့် လူကြိုက်များလွန်းတဲ့အတွက်အကြောင့်(၈၁)ပိုင်းထိ ရိုက်ကူးခဲ့ပါတယ်..အာဏာကိုရူးသွပ်မှုကြောင့် လူအမျိုးသေကြေပျက်စီးခဲ့ရတာတွေ….လွဲမှားတဲ့အယူစွဲတွေကြောင့် ဆိုးယုတ်မှုတွေ….အများအကျိုးရှေးရှူပြီး ကောင်းမွန်တဲ့စိတ်ထားတွေကြောင့် အားလုံးကိုအောင်နိုင်ကာ တိုင်းပြည်ဥသျောင်ဖြစ်ခဲ့တာတွေကိုအကောင်းမွန်ဆုံးသရုပ်ဖော်ရိုက်ကူးနိုင်တာကြောင့် ဆုပေါင်းများစွာလည်း ရရှိသလို ယနေ့အထိပရိတ်သတ်တွေကြားမှာ ဂျူမုံကားဟာ ရှိနေဆဲပါ…ဒါကြောင့် အရင်တုန်းက အေးဆေးမကြည့်ခဲ့ရတဲ့သူတွေအတွက်ရော အားလပ်ချိန်လေးမှာ ဂျူမုံဇာတ်လမ်းတွဲနဲ့အပန်းဖြေအနားယူချင်တဲ့သူတွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…