Watchmen FHD

Watchmen

Adult Scene IncludeWatchmen ရုပ်ရှင်ကိုကြည့်ဖူးတဲ့သူ၊ ကောမစ် ဖတ်ဖူးတဲ့သူတွေကတော့ ပိုပြီးကြည့်ကောင်းမှာပါ။ ဒါပေမယ့် ဒီအတိုင်းလည်း တဖြည်းဖြည်း ရှင်းလာပြီး ကြည့်ကောင်းမှာပါပဲ။ ရိုက်ထားတာ အတော်ကို ကောင်းပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ watchmen ထဲက ဇာတ်ကောင်အချို့ကို ပြန်ယူပြီး ဇာတ်အိမ်ပြန်ဖွဲ့ထားတာပါပဲ။ ဒေါက်တာ မန်ဟက်တန် လည်း ပြန်ပါလာပါလိမ့်မယ်။ အပိုင်း ၁ ရဲ့ လက်ရှိ အခြေအနေအရတော့ alternate reality တစ်ခုမှာပါပဲ။ ရဲတွေဟာ ရန်ပြုခံနေရလွန်းလို့ လူမသိအောင် မျက်နှာဖုံးတွေနဲ့ တာဝန်ထမ်းဆောင်ရတဲ့ကာလပါ။ လူဖြူလူမျိုးကြီးဝါဒ အစွန်းရောက်အဖွဲ့ သတ္တမကယ်ဗရီ ပြန်ပေါ်လာပြီး စစ်ဆင်ရေးကြီးတစ်ခု လုပ်မယ်လို့ ချိန်းခြောက်လာပါတယ်။ ဒါကို စစ်စတာနိုက်တို့ ရက်ဒ်တို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ အစပြုတာပါပဲ။