ဒီဇာတ်လမ်းတွဲလေးကတော့ Marvel ပရိသတ်တိုင်း ကြည့်သင့်တယ်လို့ထင်ပါတယ်။ Marvel ပရိသတ်တင်မဟုတ်ပဲ ရုပ်ရှင်ကိုလေ့လာနေတဲ့လူတွေလည်းကြည့်သင့်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ DisneyPlus မှာ လွှင့်ခဲ့တဲ့ Marvel Series တွေရဲ့နောက်ကွယ်က ဇာတ်လမ်းတွဲဖြစ်တည်လာပုံ၊ ဘယ်လိုမျိုးရိုက်ကူးခဲ့ရတယ်၊ နောက်ကွယ်ကအကြောင်းအရာတွေ၊ ဖန်တီးခဲ့ပုံ စသဖြင့် အလုံးစုံပြန်ချပြမှာဖြစ်ပါတယ်။Marvel Phase 4 စစချင်း WandaVision Series ကိုစတင်မိတ်ဆက်ခဲ့ပြီး သူ့နောက်မှာတော့ တခြားဇာတ်လမ်းတွဲနဲ့ Series တွေကပ်ပါလာခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲတွေကိုမှ ဒီ Series မှာပြန်ပြီးတော့ဖန်တီးခဲ့ရပုံ အစရှိသဖြင့် ပြန်ပြောင်းပြောပြမှာဖြစ်လို့ လက်လွှတ်မခံပဲကြည့်သင့်ပါတယ်။