To Sir, With Love FHD

To Sir, With Love

Unknown FHD 2022-10-03 8.3

စုန့်လူကြီးမင်းက နဂါးငါးကောင်အဖွဲ့အစည်းကို ဦးဆောင်နေသူဖြစ်ပြီး စီးပွားရေးနယ်ပယ်မှာလည်း အရည်အချင်းပြည့်ဝတဲ့သူ တစ်ယောက်ပါ သူဌေးစုန့်မှာ ပထမဇနီးဖြစ်သူ လီနဲ့ ထီယင်းဆိုတဲ့သားကြီးရထားသလို ဒုတိယဇနီးဖြစ်သူ ကျမ်န်နဲ့လည်း ယန်ဖြစ်တဲ့သားငယ်ရှိထားပါတယ် တရုတ်မိသားစုဖြစ်တဲ့ စုန့်အိမ်တော်မှာ ထီယင်းက သားကြီးဖြစ်လို့ သခင်လေးနေရာနဲ့ တာဝန်အားလုံးကိုအမွေဆက်ခံရမယ့်သူ ဖြစ်ပါတယ် ဒီလိုစည်းကမ်းတင်းကြပ်တဲ့ အိမ်တော်ရဲ့သခင်လေးဖြစ်တဲ့ထီယင်းက “လိင်တူချစ်ကြိုက်သူ” တစ်ဦးဖြစ်နေတဲ့အခါမှာတော့ မိခင်ဖြစ်သူ လီက နည်းလမ်းမျိုးစုံသုံးကာ သားဖြစ်သူရဲ့စိတ်ကို ဖုံးဖိပါတော့တယ် ဘယ်လိုပိတ်ပင်တားဆီးပါစေ သခင်လေးထီယင်းတစ်ယောက် အရွယ်ရောက်လာပြီး သာမန်ယောက်ျားသားတစ်ဦးကို မေတ္တာသက်ဝင်လာတဲ့အခါ…