Supernatural ဆိုတာ Impala တစ်စီး၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ၊ အိန်ဂျယ်တွေနဲ့ Winchester တွေထက် ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်ပိုပြည့်စုံမယ်လို့ယူဆမိတယ်။ အထူးသဖြင့်Supernatural ဟာ ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ရဲ့ရုပ်ရှင်ကြည့်မှုအပိုင်းကို အများကြီးသက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော် Supernatural ဆိုတာကို ၇တန်းကျောင်းသားဘဝမှာမှုန်ဝါးဝါးအခွေဗားရှင်းနဲ့စပြီးကြည့်ခဲ့တာပါ။ Supernatural မကြည့်ခင်က ကျွန်တော်သရဲအရမ်းကြောက်တယ်၊ အင်္ဂလိပ်ကားတွေရော မြန်မာကားတွေကသရဲတွေကိုပါ ကျွန်တော်ကြောက်တယ်။Supernatural ရဲ့ ပထမဆုံးအပိုင်း Woman in White ကို စကြည့်ခါစက ကြောက်စရာကြီးပဲ လို့ ထင်ရပေမယ့် တကယ့်တကယ်မှာ ကြောက်နေရင် သရဲကကိုယ့်ကိုဖျင်တက်ကြိတ်မှာပဲ ဆိုပြီး Supernaturalကနေ သရဲမကြောက်တတ်တဲ့စိတ်ကိုရလာခဲ့တာပါပဲ။