အသစ်စက်စက် ဟင်ဒီစကားပြော ဂန်းစတားဇာတ်လမ်းတွဲလေးကို တင်ဆက်လိုက်ပါတယ်။ကာမာသီပူရာဆိုတာ မွမ်ဘိုင်းမြို့ပေါ်က ဒေသတစ်ခု။ ပြည့်တန်ဆာတွေ၊ပြည့်တန်ဆာလုပ်ငန်းတွေ တအားပေါတာနဲ့ပတ်သက်ပြီး နာမည်ကျော်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။ဒီဇာတ်လမ်းက ကာမာသီပူရာမှာဖြစ်ခဲ့ဖူးတဲ့ တကယ့်ဖြစ်ရပ်တွေ၊တကယ်ရှိခဲ့ဖူးတဲ့ရာဇဝတ်ကောင်ပေါ်ကိုအခြေခံပြီးရေးသားထားတဲ့ စာအုပ်အပေါ်အခြေခံရိုက်ကူးတင်ဆက်ထားပြီး မင်းသားကြီးဂျက်ကီရှရော့ဖ် အဓိကနေရာက ပါဝင်ထားပါတယ်။ဆယ်ဟာဆိုတဲ့ အသက် ၂၀ အရွယ်ကောင်မလေးဟာ ကံကြမ္မာဆိုးတစ်ခုဝင်ချိန်မှာ သူ့အမေနဲ့ အသက်လုပြေးရပြီးသူ့အမေက လွတ်ရာလွတ်ကြောင်း ဆယ်ဟာ့ကိုပြည့်တန်ဆာခေါင်းတစ်ယောက်နဲ့ ထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ မွမ်ဘိုင်းမြို့က ပြည့်တန်ဆာလောကကို ရောက်သွားပေမဲ့ အရှုံးမပေးဘဲ ရောက်တဲ့နေရာမှာသူ့သဘော၊ သူ့စည်းမျဉ်းနဲ့ ရှင်သန်ရပ်တည်ဖို့ ကြိုးစားရာကနေရှုပ်ထွေးပွေလီလှတဲ့ ဂန်းစတားတွေချုပ်ကိုင်တဲ့ ဒီလောကကြီးက ဘယ်လောက်အန္တရာယ်များသလဲ၊သွေးထွက်သံယိုတွေ ဘယ်လိုဖြစ်ကြမလဲ ခံစားကြည့်ရှုအပန်းဖြေလိုက်ပါဦး