ဟုံးဂျီဟိုဆိုသူ အမျိုးသမီးရဲ့ ချစ်သူကောင်လေးအီရှီဂုဟာ ညတစ်ညမှာ အမည်မသိမီးရောင်တွေနဲ့အတူ ခြေရာလက်ရာမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဟောဘိုရာကတော့ မအောင်မြင်သေးတဲ့ streamer တစ်ယောက်ဖြစ်ပြီး YouTube နဲ့ Twitch တို့မှာ subscriber ရာဂဏန်းခန့်သာ ရှိတဲ့ အမျိုးသမီးငယ်လေးပါ။ သူတင်တဲ့ အကြောင်းအရာတွေက လူတွေ မယုံကြည်ကြတဲ့ ထူးဆန်းထွေလာဖြစ်ရပ်ဆန်းတွေချည်းပါပဲ။ ဒီအပြင် UFO စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကီးဘုတ်ဖိုက်တာ အဖြစ်လည်း တာဝန်ယူထားပါသေးတယ်။ ရုတ်တရက်ကြီး ပျောက်ဆုံးသွားတဲ့ ချစ်သူကောင်လေးကို ရှာနိုင်ဖို့ ဟုံးဂျီဟိုတစ်ယောက် ပြေးလွှားစုံစမ်းရင်း UFO စောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးနဲ့ တွေ့ဆုံမိပြီး အီရှီဂုရှာဖွေရေးမစ်ရှင်အတွက် ပူးပေါင်းလိုက်ကြပါတယ်။ကိုယ်တိုင်မြင်တွေ့သူနဲ့ မမြင်တွေ့ရင်တောင် ယုံကြည်သူနှစ်ဦး လက်တွဲဖြစ်ကြပြီး ပဟေဠိဆန်ဆန် အမှန်တရားတွေကို ဘယ်လို ဖော်ထုတ်ကြမလဲ?