I May Be a Guild Receptionist, but I'll Solo Any Boss to Clock Out on Time ギルドの受付嬢ですが、残業は嫌なのでボスをソロ討伐しようと思います FHD

I May Be a Guild Receptionist, but I'll Solo Any Boss to Clock Out on Time ギルドの受付嬢ですが、残業は嫌なのでボスをソロ討伐しようと思います

“ရုံးကို အချိန်မှန်မှန်ဆင်းချင်လို့ ဘယ်ဘော့စ်မဆို တစ်ပွေတည်း သောက်ခွက်ရိုက်မယ့် ဧည့်ကြိုမလေး”နာမည်က Alina လူကောင်က ခပ်သေးသေး လုပ်တဲ့အလုပ်က စွန့်စားသူ Guild က ဧည့်ကြိုစာရေးမ။ သူ့ဘဝမှာ သူကြိုက်တဲ့အလုပ်လေးလုပ်ပြီး အချိန်မှန် ရုံးဆင်းချင်တယ်အချိန်ပိုမဆင်းချင်ဘူးဆိုတဲ့ဟာလေး။ဒါပေမဲ့ ဧည့်ကြိုစာရေးမဆိုပြီး အထင်သွားသေးလို့မရဘူး သူ အချိန်ပိုဆင်းရတိုင်း ဘာလို့လဲဆိုတာကို အဖြေရှာသေးတာ။အဲဒါက စွန့်စားသူတွေ Dungeon တွေကို မနိုင်ကြလို့ ကြာနေပြီး အလုပ်ပုံလာပြီဆို သူကိုယ်တိုင် ဝတ်ရုံဝတ်ရုပ်ဖျက်ပြီး အဲဒီ Dungeon ထဲကကောင်တွေကို တစ်ပွေတည်း သွားသွားပြီးဆော်ပလော်တီးတဲ့ဟာလေးဗျာ။အဲဒီမှာ သူ့နာမည်ကလည်း သတ်ဖြတ်သူဆိုပြီး လူတွေကြား နာမည်ကြီးလာတယ် သူတို့ Guild ကလည်း တစ်ယောက်တည်း သောင်းကျန်းနေလို့ အတင်းလိုက်ရှာခိုင်းနေတော့ Alina တစ်ယောက်ဧည့်ကြိုမလေးတစ်ဖြစ်လဲ သတ်ဖြတ်သူဘဝကနေ ဘယ်လိုမျိုးတွေ ဆက်ပြီး ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် Anime အသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။