Let the Right One In FHD

Let the Right One In

Drama FHD 2022-10-09 8.3

ဒီစီးရီးက ဆွီဒင်စာ​ရေးဆရာကြီး John Ajvide Lindqvistရဲ့ နာမည်ကြီးဝတ္ထု Let the Right One In ကို series version အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ အ​ရှေ့မှာ ဒီနာမည်နဲ့ပဲ ဆွီဒင်ဗားရှင်းနဲ့ အ​မေရိကန်ဗားရှင်း ရုပ်ရှင်၂ကား ရှိခဲ့ပြီး ၂ကားလုံးလည်း ​အောင်မြင်ခဲ့ပါတယ်။ လက်ရှိစီးရီးက တစ်ပိုင်းပဲ ထွက်ရှိ​သေးပြီး RT 70% ရရှိထားပါတယ်။ အဲလီ​နောနဲ့ ဖခင်ဖြစ်သူ မာ့ခ်တို့ဟာ လူတစ်​ယောက်​နောက်ကို လိုက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံးကို ​ခြေဆန့်​နေသူ​တွေ​ပေါ့။ သူတို့​တွေလိုက်ရှာ​နေတာက တခြားသူမဟုတ်ဘဲ အဲလီ​နောကို ဗန်ပိုင်းယားဖြစ်​အောင် ပြောင်း​ပေးသွားတဲ့သူပါ။ ဒါ​ကြောင့်မို့ အဲလီ​နောတို့ဟာ သဘာဝလွန်လူသတ်မှု​​တွေဖြစ်​တဲ့​နေရာတိုင်း ထိုသူကိုလိုက်ရှာရင်း ဇာတိမန်ဟတ်တန်မြို့ကို ပြန်​ရောက်လာကြပါတယ်။ မန်ဟတ်တန်မှာလည်း လူသတ်မှု​တွေ ဆက်တိုက် ဖြစ်​နေတာ​ကြောင့် လူသူ​ခြောက်ကပ်ပြီး သုသာန်တစပြင်လိုပဲဖြစ်​​နေတာပါ။ အဲလီ​နောတို့၂​​ယောက် အဲဒီလူကိုရှာ​တွေ့ပြီး သူတို့လိုချင်​​နေတဲ့ လူပြန်ဖြစ်​စေတဲ့ ကုထုံးကိုရသွားမှာလား၊ ဆက်တိုက်ဖြစ်​နေတဲ့ ​ကြောက်မက်ဖွယ်လူသတ်မှု​တွေရဲ့ တရားခံက တခြားလူလား၊ သူတို့ရှာ​နေတဲ့ သူပဲလား။ သာမန်​သွေးရိုးတန်ရိုး လူသတ်မှုမျိုး မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်​ဆောင်မှု​လား၊ ကိုယ်တိုင် ဗန်ပိုင်းယားဖြစ်​နေတဲ့ အဲလီ​နောက​ရော သူအတွက်လိုအပ်တဲ့ ​သွေး​တွေကိုဘယ်လိုရှာ​ဖွေရင်း လူအများကြားမှာ ဗန်ပိုင်းယား ဆိုတဲ့ဘဝကို ဘယ်လိုဖုံးကွယ်သွားမလဲဆိုတာ ​Horror Vibe ကြမ်းကြမ်း၊ ​သွေးသံရဲရဲပြကွက်​တွေနဲ့ ကြည့်ရှုရမှာပါ။