Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရအမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ ..ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်းစတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီးနတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်းအမွေဆက်ခံထားရသူတစ်ဦးပါ။ ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကို ငြင်းဆန်ပြီးအေးအေးချမ်းချမ်းနဲ့ မျက်မှန်ပြုလုပ်သူအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲစေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်Lee Sung(Kim Ji-Hoon)…နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ…Yoon Gab ရဲ့ ခန္ဓာကိုယ်နဲ့ အီမူဂီသတ္တဝါ ၊ ဝိညာဉ်ရေးရာတွေမှာ ပါရမီပါတဲ့ Yeo-Ri ..သန်မာဖြောင့်မတ်တဲ့ ဘုရင် Lee Sung တို့ဟာ ဘယ်လိုတွေ ပူးပေါင်းပြီးတော့ လျှို့ဝှက်ချက်တွေကိုအဖြေရှာသွားကြမလဲ ..ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြမလဲဆိုတာကို .. အရိုတစ်လှည့် ၊ ဟာသတစ်လှည့်ရောကာဇာတ်ကွက်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတင်ပြထားတဲ့ နန်းတွင်းကားကောင်းလေးဖြစ်တာကြောင့်ခံစားကြည့်ရှုကြည့်ကြပါဦးနော်။