The Rana Daggubati Show FHD

The Rana Daggubati Show

Talk FHD 2024-11-23 10

ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာ‌တွေကြောင့် ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အိုင်ဒေါမင်းသား မင်းသမီးတွေ အဆိုတော်နဲ့ ပိုမိုထိတွေ့ရင်းနှီးလာကြပါတယ်။အနုပညာရှင်တွေဆိုတာလည်း သာမန်လူတွေပါပဲ။ သူတို့မှာလည်း စိတ်ခံစားချက်တွေ နေ့စဉ်ဘဝလှုပ်ရှားမှုတွေရှိနေတာပါ။ဒါပေမဲ့လည်း သူတို့တွေဟာ နာမည်ကြီးတွေဖြစ်လာပြီဆိုတာ‌နဲ့ သာမန်လူတွေလို မနေထိုင်နိုင်တော့ပါဘူး။အဲဒီလိုပဲ သူတို့အလုပ်အကိုင်ကလည်း ဆန်းကြယ်ရှုပ်ထွေးမှုလေးတွေ ရှိနေပါတယ်။ဒီစီးရီးလေးမှာတော့ ရာနာဒတ်ဂူဘာတီက သူ့သူငယ်ချင်း မင်းသား မင်းသမီးတွေကို ဖိတ်ခေါ်လို့ ရှိုးတစ်ခုရိုက်ကူးတာပါ။ရာနာဒတ်ဂူဘာတီဆိုတာ နာမည်ကျော် တလေဂူးမင်းသားတစ်ယောက်။ပွဲဦးထွက်ရုပ်ရှင် Leader (2010)နဲ့ အကောင်းဆုံးမျက်နှာသစ်အမျိုးသားသရုပ်ဆောင်ဆုရခဲ့ပြီးနာမည်ကျော်ဘာဟုဘာလီလိုရုပ်ရှင်တွေမှာလည်း အဓိကဇာတ်ကောင်နေရာက ပါဝင်ခဲ့သူ။ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဧည့်သည်တော်တွေကလည်း အိန္ဒိယတောင်ပိုင်းအနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ပြီး လတ်တလောပရိသတ်အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကြီးတွေ ထွက်ရှိထားကြသူတွေ။ရိုက်ကွင်းနောက်ကွယ်က သူတို့ဘဝ၊ စိတ်နေစိတ်ထားနဲ့ ပြုမူလှုပ်ရှားမှုလေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ပြသထားပါတယ်။ပရိသတ်တွေအနေနဲ့ သူတို့အိုင်ဒေါတွေအကြောင်းကို သိချင်ကြစမြဲမို့ အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ဒီရှိုးကစကားပြောကြမှာလား၊ ဂိမ်း ဆော့ကြမှာလား၊ အစစ်အမှန်ရိုက်ကူးထားတာလား၊ ဟာသလားစိတ်ကူးယဉ်ဆန်လား၊ မဆန်ဘူးလားဆိုတာ ကိုယ့်ဘာသာကြည့်ပြီးသူ့ကိုပြန်ပြောပါလို့ ရာနာဒတ်ဂူဘာတီကိုယ်တိုင် ပြောထားတာမို့ အဖြေရှာကြည့်ကြရအောင်ပါ။