Cheer Up 치얼업 FHD

Cheer Up 치얼업

Comedy Drama Mystery FHD 2022-10-03 8.333

ဒီတစ်ခေါက်မှတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် COMEDY/ ROMANCE အမျိုးအစား ကျောင်းသားဇာတ်လမ်းတွဲလေး တင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ လေးတွေ၊ ရယ်မောစရာလေးတွေကို သေချာပုံဖော်ပြသထားလို့ ပရိတ်သတ် ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။ ထက်မြက်ပြီး ဇွဲကြီးတဲ့ ဒိုဟယ်အီဆိုတဲ့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပေမဲ့ မိဘရဲ့ ငွေကြေးမပြည့်စုံတဲ့ အခြေအနေကြောင့် ကျောင်း တက်ဖို့ထက် ငွေရှာဖို့ကိုပဲ အမြဲဦးစားပေးရပါတယ်။ တစ်ရက်မှာတော့ ယွန်ဟီး တက္ကသိုလ်ရဲ့ cheering squad အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လိုက်ပါတယ်။ Teyia လို့ခေါ်တဲ့ cheering squad ဟာ ကျောင်းမှာ နှစ် ၅၀ ကြာ သက်တမ်းရှိနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူမဒီအဖွဲ့ထဲကို ဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က ငွေကြေး ထောက်ပံ့မှုပေးတဲ့ အတွက်ကြောင့်ဆိုပေမယ့် တကယ်တမ်းအဖွဲ့မှာ ပါဝင်လုပ်ဆောင်တဲ့ အခါမှာတော့ ဒိုဟယ်အီတစ်ယောက် တက္ကသိုလ်ရဲ့ ပျော်ရွှင်မှုတွေကို စပြီးခံစား လာရပါတော့တယ်။