Ayyana Mane FHD

Ayyana Mane

Unknown FHD 2025-04-25 8

ဒီတစ်ခါမှာတော့ Bollywood ပရိသတ်တို့အတွက် mystery thriller အမျိုးအစား မီနီစီးရီးလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျာဂျီတစ်ယောက် အာယာနာစံအိမ်ကြီးကို လက်ထပ်ဖို့အတွက် ရောက်လာပါတယ်။ ဒီမိသားစုက အရှင်ကွန်ဒါယာကို ကိုးကွယ်တာဖြစ်ပြီး ချွေးမသစ်လေးကို ကြိုဆိုဖို့အတွက် ပူဇော်ပွဲတွေပြင်ရဆင်ရနဲ့အလုပ်များနေကြတာပေါ့။ဒီလိုနဲ့ ဂျာဂျီတစ်ယောက် အိမ်ထဲဝင်ဝင်ချင်းပဲ အကောင်းတိုင်းရှိနေတဲ့ သတို့သား ဒွတ်ရှ်ယန်တာရဲ့အဖေက ကောက်ခါငင်ခါ နှလုံးဖောက်ပြီးဆုံးသွားပါသတဲ့။ ဒီလိုနဲ့ မင်္ဂလာအိမ်ကနနာရေးအိမ်ဘဝပြောင်းပြီး ညီအစ်ကိုတွေလည်း ဒေါသနဲ့ ရန်ဖြစ် ထိုးကြိတ်ကြရင်းပေါ့။ဒါပေမဲ့ ဂျာဂျီအတွက် ထူးဆန်းနေတာက အဘိုးကြီးရဲ့နာရေးကို ဘယ်သူ့ကိုမှမခေါ်ဘဲ မိသားစုဝင်တွေပဲ ပြင်ဆင်နေကြတာပါပဲ။ဒီလိုနဲ့ သိချင်စိတ်ကိုတားမရလို့ ဒွတ်ရှ်ယန်တာရဲ့ အစ်ကိုတွေရဲ့ဇနီးတွေအကြောင်းမေးရာက အာယာနာမိသားစုက ချွေးမတွေအကုန် သေသွားပြီဆိုတဲ့အကြောင်း သိလိုက်ရချိန်မှာတော့….

အပိုင်းများ

Season - 1