The Rehearsal” က Nathan Fielder ရဲ့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ စီးရီးတစ်ခုပါ။ သူက လူတွေရဲ့ ဘဝထဲက အရေးကြီးတဲ့ အခိုက်အတန့်တွေ ဒါမှမဟုတ် ခက်ခဲတဲ့စကားပြောရမယ့်အခြေအနေတွေကို ကြိုတင်လေ့ကျင့်ပေးတယ်။ ဥပမာ တစ်ယောက်ယောက်ကို လိမ်ထားတဲ့အကြောင်း ဝန်ခံရမယ်ဆို ဒါမှမဟုတ် မိဘဖြစ်ရတာ ဘယ်လိုမျိုးလဲ ကြိုသိချင်တဲ့သူဆို Nathanက အဲဒီလူတွေကို အပြည့်အဝပြင်ဆင်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ အဲဒီအခြေအနေတွေကို အတိအကျပြန်ဖန်တီးတယ်။တကယ့်နေရာတွေနဲ့တူအောင် စတူဒီယိုထဲမှာ ဆိုင်တွေအိမ်တွေဆောက် သရုပ်ဆောင်တွေငှားပြီး စကားပြောပုံ တုံ့ပြန်ပုံတွေကို အကြိမ်ကြိမ်လေ့ကျင့်ခိုင်းတယ်။ တစ်ခါတလေရယ်ရတယ်တစ်ခါတလေကြည့်ရခက်တယ် ဘာလို့ဆို လူတွေရဲ့ စိတ်ခံစားချက်နဲ့ မသေချာတာတွေကို အရှိအတိုင်းဖမ်းပြထားလို့။ ဥပမာ တစ်ယောက်က သူ့သူငယ်ချင်းကို လိမ်ထားတဲ့အကြောင်းဘယ်လိုဝန်ခံမလဲဆိုတာကို ဘားတစ်ခုထဲမှာ အကြိမ်ပေါင်းများစွာ ပြန်လေ့ကျင့်ရတာ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ဒါပေမယ့် Nathan ကိုယ်တိုင်လည်း ဒီရီဟာဆယ်တွေထဲ အမှတ်မထင်နစ်မြောသွားတတ်တယ်။ ဒီစီးရီးက ရယ်စရာ ထိခိုက်စရာ တွေးစရာပေါင်းများစွာနဲ့ လူတွေရဲ့ စိတ်နဲ့ ဆက်ဆံရေးကို ထူးထူးခြားခြားဖော်ပြထားလို့ ကြည့်ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ။