လတ်တလောမှ ထွက်ရှိထားပြီး Devil may cry တို့နဲ့အတူ Wit Studio ကနေထုတ်ထားတဲ့Netflix ရဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်။ ခုမှစထွက်ခါစရောဇာတ်လမ်းလေးကလည်း အာကာသပေါ်မှာ Star War တို့လို ချတာလေးဖြစ်လို့စိတ်ဝင်စားစရာကတော့အမှန်ပါပဲနော် ဟုတ်မဟုတ်ကတော့ ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်ကြရအောင်။ ကျွန်မအနေနဲ့တော့ဒီဇာတ်လမ်းလေးရဲ့အကြောင်းရင်းက ခေတ်မှီဖွံ့ဖြိုးနေတဲ့ အနာဂတ်မှာလူသားတွေက Sapientia လို့ခေါ်တဲ့နိုင်ငံတကာ Ai ကွန်ရက်နဲ့ ကမ္ဘာ့အစိုးရကြီးကိုထူထောင်ထားကြတယ်။ ဒီကွန်ရက်ကြီးနဲ့ လူတွေဟာဆုံးဖြတ်ချက်တွေ အမိန့်နာခံမှုတွေ ဘဝငြိမ်းချမ်းမှုနေရာတွေမှာ အေးဆေးအသုံးချပြီး နေထိုင်နေကြတယ်။ဒါပေမဲ့လဲ လူဆိုတာအကောင်းအဆိုးတွဲနေတဲ့အတိုင်းပဲ ရာဇဝတ်သားတွေဆိုတာ နေရာတကာရှိမှာပဲဒါကြောင့်ဒီ Ai ကြီးကိုသုံးပြီး အစိုးရက ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ရာဇဝတ်သားတွေကိုလကမ္ဘာပေါ်ပို့ပြီး Sapientia ရဲ့ လကမ္ဘာဖွံ့ဖြိုးရေးစီမံကိန်းကြီးကို လုပ်ဆောင်ကြတယ်။ဒီလိုလုပ်တာကြာလာတော့ လကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုတွေကြပ်တည်းလာပြီးMoon လို့ခေါ်တဲ့ ပုန်ကန်သူတွေပေါ်လာတော့တယ်။ ဒီမှာ ကျွန်မတို့ရဲ့ Mc ဖြစ်တဲ့ Jacob “Jack” shadow ကMoon သူပုန်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုထဲမှာ သူ့မိဘတွေဟာ ဆုံးသွားရတယ်။ ဒါနဲ့ပဲသူဟာသူ့မိဘကိုလက်စားချေဖို့ ကမ္ဘာမြေရဲ့တပ်အင်အားစုထဲဝင်ပြီး ကင်းထောက်အဖြစ်ပါဝင်ခဲ့ရာမမျှော်လင့်ထားပဲ သူပုန်တပ်ရဲ့ ခေါင်းဆောင်ဟာ သူရင်းနှီးနေတဲ့ လူတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတော့……