FHD
The Witch and the Beast 魔女と野獣
သွေးထွက်သံယိုတွေနဲ့အတူတူ Gore ဆန်ဆန် ရှယ်ဖြုတ်မယ့် မှော် Anime စီးရီးကောင်းတစ်ခု လာပြီဗျာ။ခေါင်းတလားကြီးကို လွယ်လွယ်ထားပြီး အေးစက်စက်နဲ့ သွေးအေးအေး စီမံလုပ်ကိုင်တတ်တဲ့မှော်ဆရာ Ashaf နဲ့အတူ သူနဲ့ဆန့်ကျင်ဖက်ဆိုရမယ့် ဘေးနားကနေ အမြဲတမ်း ပေါက်ပေါက်ဖောက်သွေးဆူလွယ် “စုန်းမ” ဆိုတဲ့အသံကြားတာနဲ့ ဝုန်းဒိုင်းကျဲချင်နေတဲ့ ထူးဆန်းတဲ့ကောင်မလေးGuideau တို့ နှစ်ယောက်က Order ဆိုတဲ့ လျှို့ဝှက်မှော်အတတ်ပညာ အဖွဲ့အစည်းအောက်က ဖြစ်ပြီးကမ္ဘာတစ်လွှား မှော်အတတ်ဆိုင်ရာ ထူးဆန်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းနေတဲ့ ပါတနာတွေပါ။ဒါပေမဲ့လည်း Guideau က စုန်းမတွေဆို သေအောင်မုန်းပြီး စုန်းမတွေကိုပဲ လိုက်ရှာသတ်ချင်နေတဲ့လူ၊အဲဒါကို Ashaf က သူ့ကို သူလိုချင်တာလိုချင်ရင် ငါတို့နဲ့အတူတူ ပူးပေါင်းပါ ဖြစ်စေရမယ်ဆိုပြီးမနည်းကိုင်တွယ်ပြီး လိုရာပန်းတိုင်ကို ခရီးဆက်နေကြတာ။ ဒီတော့ Guideau က ဘာလို့ စုန်းမတွေကိုလိုက်ရှာပြီး သတ်ချင်နေတာလဲ၊ သူ့ရဲ့ ထူးဆန်းတဲ့ပါဝါကရော ဘာတွေလဲ၊ Ashafနဲ့အတူတူဘယ်လိုစွန့်စားခန်းထွက်ပြီး ဘယ်လိုတွေ အပီဖြုတ်ကြမလဲ ဇာတ်လမ်းဇာတ်အိမ် မိုက်မိုက်နဲ့ရိုက်ကူးတင်ပြထားတာဖြစ်လို့ မလွတ်တမ်း ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ မှော်စီးရီး ဖြစ်တဲ့အလျောက်မှော်ဂါထာမန္တာန်စာအုပ်တွေအကြောင်း တားမြစ်ခံ လက်နက်တွေအကြောင်း သေသူကိုအသက်ပြန်သွင်းတဲ့ Necromancy တွေအကြောင်း စသဖြင့် တခြားလျှို့ဝှက်နက်နဲတဲ့အကြောင်းတွေကိုလည်း စိတ်ဝင်တစား ကြည့်ရှုရဦးမှာပါ။