ကီးန်ဟာ အလုပ်အင်တာဗျူးတစ်ခု ဖြေနေရင်း ဖခင်ဖြစ်သူ သေဆုံးသွားကြောင်းရုတ်တရက်သတင်းရခဲ့ပါတယ်။ အဖေ့ရဲ့ ဈာပနာပွဲအတွက် ဘဝမှာ စုထားတဲ့ငွေအားလုံးကိုထုတ်သုံးရုံအပြင် ရွေးချယ်စရာမရှိခဲ့ပါဘူး။သူ့အဖေ မဆုံးခင်ကလည်း တရားမဝင်ချေးငွေယူထားခဲ့တာကြောင့် အဲဒီအကြွေးတွေဟာကီးန်ရဲ့ခေါင်းပေါ်ကျလာပါတော့တယ်။ အကြွေးမဆပ်နိုင်တဲ့ ကီးန်ဟာ မကြာခင်မှာအကြွေးသမားတွေဆီကနေ အနိုင်ကျင့်ခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲ မွေထိုင်းလေ့ကျင့်ရေးဂျင်တစ်ခုမှာ သူ မယူခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ စဉ်းစားရင်းကိုယ်ယောင်ဖျောက် ပုန်းနေခဲ့ရပါတယ်။အဲဒီမှာ “ကျားတွေကို အောင်နိုင်တဲ့ စစ်သား”လို့ သိကြတဲ့ နာမည်ကြီး လက်ဝှေ့သမား‘သန်း’ နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ သန်းဟာ ကြိုးဝိုင်းထဲမှာ လက်ဝှေ့ပြန်ထိုးဖို့လုံးဝငြင်းဆန်ပြီးတော့ သူနဲ့အခြားလူတွေရဲ့ ကြားထဲမှာ အေးစက်စက်နံရံတစ်ခု ခြားထားပါတယ်။ကီးန်ဟာ အဲဒီနံရံကို ဖြိုချပြီး သန်းရဲ့ ပုံစံအမှန်နဲ့ လက်ဝှေ့ပြန်မထိုးတဲ့ အကြောင်းရင်းကိုသိရဖို့ကြိုးစားပါတယ်။ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ကြားမှာ ပိုနီးစပ်လာပြီး လှပတဲ့ အချစ်ပန်းတစ်ပွင့်နဲ့အတူ ပြင်းပြတဲ့ဆက်ဆံရေးတစ်ခု ပေါက်ဖွားလာခဲ့ပါတော့တယ်။အခက်အခဲတွေကို နှစ်ယောက်အတူတူကျော်ဖြတ်ကြရင်း အတိတ်က ကိစ္စတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ခံနိုင်ရည်ထက် ကျော်လွန်တဲ့ အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။မင်သားနှစ်ယောက်စလုံးကလည်း အဖြောင့်အတောင့်တွေဆိုတော့ Boy love series ကိုမှဇာတ်အိမ်အသစ်အဆန်း ရိုရိုချိုချို ချောချောလေးတွေကြည့်ပြီး စောင်ကိုက်ချင်သူတွေအတွက်တော့ကြည့်ကိုကြည့်ရမယ့် series တစ်ခုဖြစ်ပါတယ်နော် ..